ကော့မှူးမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ထုတ်ချေးမှုများအပေါ် အကျိုးသက်ရောက်မှုစောင့်ကြည့်အကဲဖြတ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

Powered by Drupal

          ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ ကော့မှူးမြို့နယ်တာဝန်ခံ ဦးတင်မင်းသည် ကော့မှူးမြို့နယ်အတွင်းရှိ ၂၀၂၃ ခုနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ထောက်ပံ့ငွေမှ ထုတ်ချေးမှု၊ ပြန်လည်ကောက်ခံရရှိမှု၊ အသုံးစရိတ် ကျခံသုံးစွဲမှုများကို (၆)လလျှင် တစ်ကြိမ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြနိုင်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထုတ်ချေးမှုများအပေါ်  အကျိုးသက်ရောက်မှု စောင့်ကြည့်အကဲဖြတ်နိုင်ရေး ရန်ပုံငွေမှ ထုတ်ချေးထားသော ဦးအောင်မျိုးမင်း ငါးကန်သို့ ငါးမွေးမြူဖြစ်ထွန်းမှုအခြေအနေအား အောက်တိုဘာလ (၉)ရက်နေ့၊ နေ့လယ် (၁၂:၀၀)နာရီတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံကိန်းဦးစီးဌာနမှ ဦးစီးအရာရှိ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့မှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထုတ်ချေးပြီး ငါးမွေးမြူရေးလုပ်ငန်းလုပ်ဆောင်ရာတွင် အကျိုးသက်ရောက်မှုအခြေအနေများအား မေးမြန်းရာတွင် ရေကျော်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်ရှိန်မှ ယခုလို နိုင်ငံတော်မှ အတိုးနှုန်းသက်သာစွာဖြင့် ပြည်သူတို့၏အကျိုးကိုရှေးရှုပြီး ထုတ်ချေးပေးခဲ့ခြင်းကြောင့် ငါးမွေးမြူခြင်းလုပ်ငန်းတွင် အဓိကကျသော ငါးအစားအစာများအား ကြိုတင်ဝယ်ယူစုဆောင်းနိုင်ခြင်းတို့သည် ငါးမွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် များစွာအကျိုးသက်ရောက်မှုရှိခြင်း၊ ငါးမွေးမြူခြင်းတို့အား တို့ချဲ့လုပ်ဆောင်နိုင်ခြင်းတို့ကြောင့် ကျေးရွာသူ/သားများအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းများပိုမိုရရှိနိုင်သဖြင့် အလုပ်လက်မဲ့ပြဿနာအား ဖြေရှင်းဆောင်ရွက်နိုင်ခြင်း၊  ပြည်တွင်းပြည်ပငါးပိုမိုတင်ပို့နိုင်ခြင်း စသည့် ရရှိသည့်အကျိုးကျေးဇူးများအား ပြောကြားခဲ့ပြီး သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများကလည်း ယခုလို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှထုတ်ချေးပြီး ငါးမွေးမြူရေးလုပ်ငန်းဆောင်ရွက်ရာတွင် များစွာအကျိုးသက်ရောက်မှုရှိသည်ကိုတွေ့ရှိရသဖြင့် နောင်တွင်လည်း ယခုလိုလုပ်ငန်းရှင်များအား ပိုမိုထုတ်ချေးပေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် လက်ရှိငါးမွေးမြူရေးအောင်မြင်စွာ ဖြစ်ထွန်းနေမှုအခြေအနေများအား စောင့်ကြည့်အကဲဖြတ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရပါသည်။

DOCA(ရန်ကုန်)