မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် သက်သာသောစျေးနှုန်းဖြင့် စားအုန်းဆီများကို ကျေးရွာများအ‌ရောက် အလှည့်ကျရောင်းချပေး

Powered by Drupal

    မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မကွေးတိုင်းဒေသကြီးဆီလုပ်ငန်းရှင်များအသင်းမှ သက်သာသောစျေးနှုန်းဖြင့် စားအုန်းဆီများကို ကျေးရွာများအရောက် (၁၀)ရက်လျှင်တစ်ကြိမ် အလှည့်ကျရောင်းချပေးလျက်ရှိကြောင်းသိရှိရပါသည်။

    မကွေးတိုင်းဒေသကြီးဆီလုပ်ငန်းရှင်များအနေဖြင့် မကွေးမြို့နယ်အတွက် စားအုန်းဆီခွဲတမ်း (၅၀၀)ပေပါ (၅၅၀၀၀)ပိဿာရရှိထားပြီး (၉/၂၀၂၃)လအတွင်း၌ (၄၅၄.၇၈)ပေပါ/ (၅၀၀၂၅)ပိဿာရောင်းချခဲ့ကြောင်း၊ (၆-၁၀-၂၀၂၃)ရက်နေ့တွင် ဂျုတ်ကုန်းကျေးရွာအုပ်စု၊ ကန်ဦးကျေးရွာ၌ အိမ်ထောင်စု (၆၈၄)စုအတွက် စားအုန်းဆီ(၆၈၄)ပိဿာ၊ မြင်ကွန်းကျေးရွာ၌ အိမ်ထောင်စု(၁၆၁၅)စုအတွက် စားအုန်းဆီ(၁၆၁၅)ပိဿာ၊ စုစုပေါင်းအိမ်ထောင်စု(၂၂၉၉)စုအတွက် (၂၂၉၉)ပိဿာရောင်းချပေးခဲ့ကြောင်း၊  (၁၆-၁၀-၂၀၂၃)ရက်နေ့တွင် လင်းမြင့်ကျေးရွာရှိ အိမ်ထောင်စု(၅၀၀)စုအတွက် စားအုန်းဆီ(၅၀၀) ပိဿာ၊ အုန်းတွဲကျေးရွာရှိ အိမ်ထောင်စု(၆၀၀)စုအတွက် စားအုန်းဆီ(၆၀၀)ပိဿာနှင့် မယ်လှတောင်ကျေးရွာရှိ အိမ်ထောင်စု(၅၀၀)စုအတွက် စားအုန်းဆီ(၅၀၀)ပိဿာတို့ကို တစ်ပိဿာလျှင် ကျပ် (၄၅၀၀)ဖြင့် စျေးနှုန်းသက်သာစွာရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။

    ထိုသို့ ရောင်းချပေးရာတွင် စနစ်တကျရှိစေရေးနှင့် အရည်အသွေး၊ အလေးချိန်ပြည့်ဝစေရေးအတွက် အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများက အနီးကပ်ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)