မကွေးကုန်စည်ဒိုင်တွင်ဖြစ်ပေါ်နေသော ပဲမျိုးစုံ၊ နှမ်းမျိုးစုံစျေးကွက်အခြေအနေ

Powered by Drupal

    မကွေးကုန်စည်ဒိုင်တွင်ရောင်းချနေသော ပဲနှင့်နှမ်းများမှာ မကွေးမြို့နယ်အတွင်းရှိ ကျေးရွာ များဖြစ်ကြသည့် ကံသာလေး၊ ကံသစ်၊ ရွာဟောင်းရပ်၊ မကျီးကန်၊ ဆားတိုင်ကန်နှင့် မိကျောင်းရဲ၊ မြင်ကွန်း၊ စလင်း(ဆင်ဖြူကျွန်း)၊ ဆိပ်ဖြူ၊ ပွင့်ဖြူ၊ သရက်တောတို့မှတောင်သူများ လာရောက်ရောင်းချ ကြောင်းသိရှိရပါသည်။

     ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(၁၈)ရက်နေ့တွင် မကွေးကုန်စည်ဒိုင်၌ဖြစ်ပေါ်နေသော ‌စျေးနှုန်းများမှာ နှမ်းနက်စမုံ(၁)တင်းလျှင် ကျပ်(၁၁၅၀၀၀-၁၁၈၀၀၀)၊ နှမ်းဖြူ(၁)တင်းလျှင် ကျပ်(၁၂၆၀၀၀)၊ နှမ်းနီ(မကွေး)(၁)တင်းလျှင် ကျပ်(၁၀၈၀၀၀)၊ နှမ်းနီ(နယ်စ)(၁)တင်းလျှင် ကျပ်(၁၀၃၀၀၀)၊ ပဲတီစိမ်း(၁) တင်းလျှင် ကျပ်(၆၁၀၀၀)၊ ပဲနှောက်(၁)တင်းလျှင် ကျပ်(၆၀၀၀၀)၊ ပဲကြီးဖြူ(ပြားကြီး)(၁)တင်းလျှင် ကျပ်(၁၀၄၀၀၀)၊ ပဲကြီးဖြူ(လတ်)(၁)တင်းလျှင် ကျပ်(၉၇၀၀၀)၊ ပဲကြီးဖြူ(သေး)(၁)တင်းလျှင် ကျပ် (၉၂၀၀၀)၊ ပဲကြီးမဲ(ချင်း)(၁)တင်းလျှင် ကျပ်(၈၅၀၀၀)၊ မတ်ပဲ(၁)တင်းလျှင် ကျပ်(၈၆၀၀၀)၊ စားတော်ပဲ (၁)တင်းလျှင် ကျပ်(၁၂၀၀၀၀)၊ လုံးဆံနီ(၁)ပိဿာလျှင် ကျပ်(၇၀၀၀- ၇၁၀၀)၊ လုံးဆံဖြူ(၁)ပိဿာလျှင် ကျပ်(၆၁၀၀ - ၆၂၀၀)၊ မြေပဲဆံ(အောက်ကျ)(၁)ပိဿာလျှင် ကျပ်(၄၀၀၀)၊ မြေပဲဝိုင်းချ(၁)ပိဿာလျှင် ကျပ်(၄၈၀၀-၅၂၀၀) ဖြစ်ပေါ်လျက်ရှိကြောင်းသိရှိရပါသည်။

      (၁၆-၁၀-၂၀၂၃) ရက်နေ့မှ (၁၈-၁၀-၂၀၂၃) ရက်နေ့အထိအရောင်းအဝယ်ဖြစ်နေသော တန်ချိန်များမှာ နှမ်းနက်စမုံ တန်ချိန်(၁၀၀)၊ နှမ်းနီ တန်ချိန် (၆၀)၊ နှမ်းဖြူ တန်ချိန် (၁၀၀)၊ နှမ်းနက် (ရိုးရိုး) တန်ချိန်(၃၀)၊ ပဲတီစိမ်း တန်ချိန် (၁၀၀)၊ ပဲနှောက် တန်ချိန် (၁၀၀)၊ ပဲလွန်းဝါ တန်ချိန် (၂၀)၊ ကုလားပဲ (HL)နှင့် ကုလားပဲ (929) တန်ချိန် (၁၀၀)၊ ပဲကြီးဖြူ တန်ချိန် (၂၅)၊ ပဲကြီးမဲ တန်ချိန် (၁၀)၊ မတ်ပဲ တန်ချိန် (၁၀)၊ (လုံးဆံနီ၊ လုံးဆံဖြူ၊ မြေပဲဆီဆံ (အောက်ကျ)) တန်ချိန်(၁၀၀)တို့ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(မကွေး)