ပြည်ချင်းဈေးကွက်သို့ ချင်းတက်အသစ်များ အဆက်မပြတ်ဝင်ရောက်လာသောကြောင့် ဈေးနှုန်းများ ဆက်တိုက်ကျ

Powered by Drupal

   ပြည်ဈေးကွက်သို့ချင်းတက်အသစ်များ နေ့စဉ်ဆက်တိုက် ဝင်ရောက်လာမှုကြောင့် ချင်းဈေးများ ဆက်တိုက်ကျဆင်းလာပါသည်။ ချင်းဝင်ရောက်မှုအနေဖြင့် ပိဿာ(၃၀)ဝင်အိတ် တစ်နေ့ကို (၅၀၀)ခန့်နေ့စဉ်ဝင်ရောက်လျက်ရှိပြီး ပြည်ဈေးကွက်မှတဆင့် လက်ပံတန်း၊  နတ္တလင်း၊ ပေါင်းတည်၊ ရွှေတောင်၊ ပေါက်ခေါင်းမြို့နယ်တို့ဘက်မှ ချင်းလှောင်သမားများ အဝယ် ပြန်လိုက်လာပါသည်။ သီတင်းကျွတ်နီးလာ ပြည်ဈေးရှိ ချင်းပွဲရုံများအရောင်း အဝယ်သွက်နေပါသည်။ တစ်ရက်လျှင် ချင်းပိဿာချိန် (၉၀၀ - ၁၀၀၀)အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ဈေးနှုန်းအနေဖြင့် ယခင်အပတ်ကထက် ဈေးနှုန်းများကျဆင်းလာပြီး ချင်း တစ်ပိဿာလျှင် ပွဲရုံဈေး (၃၀၀၀ - ၄၀၀၀)ကျပ်၊ လက်လီဈေးတစ်ပိဿာလျှင် (၅၀၀၀ - ၆၀၀၀)ဈေးတို့ ဖြင့်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)