
ပြည်ဈေးကွက်သို့ချင်းတက်အသစ်များ နေ့စဉ်ဆက်တိုက် ဝင်ရောက်လာမှုကြောင့် ချင်းဈေးများ ဆက်တိုက်ကျဆင်းလာပါသည်။ ချင်းဝင်ရောက်မှုအနေဖြင့် ပိဿာ(၃၀)ဝင်အိတ် တစ်နေ့ကို (၅၀၀)ခန့်နေ့စဉ်ဝင်ရောက်လျက်ရှိပြီး ပြည်ဈေးကွက်မှတဆင့် လက်ပံတန်း၊ နတ္တလင်း၊ ပေါင်းတည်၊ ရွှေတောင်၊ ပေါက်ခေါင်းမြို့နယ်တို့ဘက်မှ ချင်းလှောင်သမားများ အဝယ် ပြန်လိုက်လာပါသည်။ သီတင်းကျွတ်နီးလာ၍ ပြည်ဈေးရှိ ချင်းပွဲရုံများအရောင်း အဝယ်သွက်နေပါသည်။ တစ်ရက်လျှင် ချင်းပိဿာချိန် (၉၀၀ - ၁၀၀၀)အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ဈေးနှုန်းအနေဖြင့် ယခင်အပတ်ကထက် ဈေးနှုန်းများကျဆင်းလာပြီး ချင်း တစ်ပိဿာလျှင် ပွဲရုံဈေး (၃၀၀၀ - ၄၀၀၀)ကျပ်၊ လက်လီဈေးတစ်ပိဿာလျှင် (၅၀၀၀ - ၆၀၀၀)ဈေးတို့ ဖြင့်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)