
ပြည်ဈေးကွက်တွင် ယခုအောက်တိုဘာလတတိယပတ်တွင် မြေပဲဆန်ဈေးနှုန်းများ ထပ်မံကျဆင်းလာခဲ့ပါသည်။ ယခင်အောက်တိုဘာ ပထမပတ်တွင် မြေပဲဆီဆန်(အဖြူ)တစ်ပိဿာ လျှင် (၅၆၀၀)ကျပ်၊ (အနီ)တစ်ပိဿာလျှင် (၆၀၀၀)ကျပ်နှင့် လုံးဆန်(အဖြူ)တစ်ပိဿာလျှင် (၆၂၀၀) ကျပ်၊ လုံးဆန် (အနီ)တစ်ပိဿာလျှင်(၆၆၀၀)ကျပ်ဖြင့် ပြည်ဈေးကွက်တွင်ရောင်းချခဲ့ပါသည်။ ယခုအောက်တိုဘာလ တတိယပတ်တွင်မြေပဲဆီဆန်(အဖြူ)တစ်ပိဿာလျှင် (၅၂၀၀)ကျပ် ၊ ဆီဆန်(အနီ) တစ်ပိဿာလျှင်(၅၂၀၀)ကျပ်ဖြင့် ဈေးတူနေသော်လည်း ယခင်အောက်တိုဘာလ ဒုတိယပတ်ထက်စာလျှင် ဆီဆန်(အဖြူ)တစ်ပိဿာ(၄၀၀)ကျပ်၊ (အနီ) တစ်ပိဿာလျှင် (၈၀၀)ကျပ် ဈေးကျဆင်းလာခဲ့ပါသည်။ ထို့အတူ မြေပဲဆန် ၊ လုံးဆန်ဈေးမှာလည်း ယခုအောက်တိုဘာလ တတိယပတ်တွင် (အဖြူ) တစ်ပိဿာလျှင် (၅၈၀၀)ကျပ်၊ (အနီ) တစ်ပိဿာလျှင် (၅၈၀၀)ကျပ်ဖြင့် ဈေးတူပြီး ယခင်အောက်တိုဘာလ ဒုတိယပတ်နှင့် နှိုင်းယှဉ်ကြည့်လျှင် လုံးဆန်(အဖြူ) တစ်ပိဿာ (၄၀၀)ကျပ်၊ လုံးဆန်(အနီ) တစ်ပိဿာလျှင် (၈၀၀)ကျပ်ဖြင့် ဈေးကျဆင်းလာခဲ့ပါသည်။
ထိုသို့ မြေပဲဆန်ဈေးများကျဆင်းလာရခြင်းမှာ ယခုနှစ်တွင် မြေပဲဆန် အထွက်နှုန်းကောင်းလာပြီး ဈေးကွက်တွင် ပစ္စည်းရှားပါးမှုမရှိသောကြောင့် ဝယ်လိုအားကောင်းလာသော်လည်း ဈေးနှုန်းများ အနည်းငယ်ကျဆင်းလာရခြင်းဖြစ်ကြောင်း သိရပါသည်။