ပြည်ဘိုကိတ်ပဲမှာ လက်လီ၊လက်ကားရောင်းဝယ်မှု ပုံမှန်ဖြစ်လျက်ရှိ

Powered by Drupal

    ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ပြည်ဈေးကွက်အတွင်း ဘိုကိတ်ပဲသီးနှံမှာ လက်လီ၊ လက်ကားဖြင့် ပဲလက်ကျန်များနေ့စဉ်ရောင်းဝယ်မှု ဖြစ်ခဲ့ကြပါသည်။ ပဲဝင်ရောက်ခြင်းမရှိသော်လည်း လက်ကျန်ပဲအချို့ရှိသောကြောင့် လက်လီအဝယ်သမားများဖြင့် နေ့စဉ်တစ်ရက် အိတ်(၂၀)ကျော် ရောင်းဝယ်မှုဖြစ်သလို လက်ကားသမားများလည်း အဝယ်ရှိခဲ့ပါသည်။ လက်ကားသမားအဝယ် ရှိသည့်ရက်၌ အိတ်(၅၀/၁၀၀)ကျော် အရောင်းအဝယ်ဖြစ်ခဲ့သည်ဟု သိရပါသည်။ ပြည်ဈေးကွက်၏ ဒေသတွင်းဝယ်လက်များဖြင့် အရောင်းအဝယ်ဖြစ်သည့်ပဲသီးနှံများထဲတွင် ဘိုကိတ်ပဲသီးနှံဈေးအနေဖြင့် အခြားပဲဈေးများထက် လျော့နည်းအရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ပဲ တစ်တင်းလျှင် (၇၀၀၀၀)ကျပ်ဖြင့် ရောင်းဝယ်နေရသည့်အတွက် ယခင်နှစ်ဈေးထက်တော့ ဈေးပိုရရှိခဲ့ပါသည်။ ယခင်နှစ်က အောက်တိုဘာလအတွင်း ဘိုကိတ်ပဲသီးနှံဈေးသည် တစ်တင်းလျှင် (၄၂၀၀၀)ကျပ်ခန့်သာရရှိခဲ့သည်ဟု သိရပါသည်။

DOCA(ပဲခူး)