ဒီဇင်ဘာလ ဒုတိယပတ်အတွင်း မန္တလေးကုန်စည်ဒိုင်သို့ စတင်ဝင်ရောက်လာမည့်ပွက်သားအသစ်များ

Powered by Drupal

     ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယပတ်အတွင်း အင်းရွာ၊ မြတောင်၊ တွင်းငယ်စိုက်ကွင်းများမှ ရိတ်သိမ်းမည့်ကြံမှ ကြိုချက်မည့်ပွက်သားများမှာ သကြားနှင့်သကာရည်ကုန်စည်ဒိုင်အသင်း (မန္တလေး)  သို့ စတင်ဝင်ရောက်မည်ဖြစ်ကြောင်းသိရသည်။ မန္တလေးကုန်စည်ဒိုင်စျေးကွက်အတွင်းသို့  ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်အတွင်း  ငါးအိုး၊   မိုးဒါး၊  ရွှေကူစိုက်ကွင်းများမှရိတ်သိမ်းထွက်ရှိသော ကြံမှကြိုချက်မည့် ပွက်သားအသစ်များလှိုင်လှိုင်ဝင်ရောက်မည်ဖြစ်ကြောင်းသိရသည်။ ကုန်စည်ဒိုင်အတွင်း ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ နောက်ဆုံးပတ်တွင် လက်ကျန်ပွက်သား (၈၅ ပိဿာဝင်) ပိုင်း ၃၀၀၀ခန့်သာကျန်ရှိသောကြောင့် လက်ကျန်နည်းပါးမှုအပေါ် ပွက်သားစျေးအနည်းငယ်ပြောင်းလဲကြောင်း ကုန်စည်ဒိုင်အသင်းဥက္ကဋ္ဌ ဦးမွန်နား၏ပြောပြချက်အရသိရသည်။ ကုန်စည်ဒိုင်သို့  ပွက်သားဝင်ရောက်မှုမှာ စျေးကွက်လိုအပ်ချက်နည်းပါးခြင်း၊ အလုပ်သမားရရှိမှုနှင့် ရာသီဥတုအခြေအနေအပေါ် မူတည်၍ ယခုနှစ်ရာသီတွင် ပွက်သားရရှိမှုနည်းပါးနိုင်ကြောင်းသိရသည်။ သကြားနှင့်သကာရည်ကုန်စည်ဒိုင်အသင်း (မန္တလေး) တွင်  လအလိုက်ဖြစ်ပေါ်လျက်ရှိသော ပွက်သားပေါက်စျေးများကို  ဇယားနှင့်တကွတင်ပြလိုက်ရပါသည်။                    

                                                                                                          (ရေတွက်ပုံ - ပိဿာ)

စဉ်

လအမည်

ပွက်သား

ပေါင်းသကြား

ခါသကြား

ခါရည်

ပေါင်းရည်

နိမ့်

မြင့်

နိမ့်

မြင့်

နိမ့်

မြင့်

နိမ့်

မြင့်

နိမ့်

မြင့်

 

၂၀၂၃ ခုနှစ်

 

 

 

 

 

 

 

 

 

 

ဇန်နဝါရီလ

၁၈၀၀

၁၉၂၀

၂၅၀၀

၂၆၅၀

၂၁၅၀

၂၂၀၀

၁၇၀၀

၁၈၀၀

၆၈၀

၁၁၅၀

ဖေဖော်ဝါရီလ

၁၈၅၀

၂၀၅၀

၂၆၅၀

၂၉၃၀

၂၁၇၀

၂၄၀၀

၁၇၀၀

၁၇၅၀

၆၈၀

၁၂၅၀

မတ်လ

၁၈၇၀

၂၀၅၀

၂၉၀၀

၂၉၃၀

၂၁၈၀

၂၄၀၀

၁၇၀၀

၁၇၅၀

၆၈၀

၁၂၅၀

ဧပြီလ

၁၈၅၀

၂၀၀၀

၂၉၀၀

၃၀၀၀

၂၂၀၀

၂၄၀၀

၁၇၀၀

၁၇၅၀

၆၈၀

၁၂၅၀

မေလ

၂၂၀၀

၂၃၃၀

၃၀၇၀

၃၂၀၀

၂၅၅၀

၂၇၀၀

၁၇၀၀

၁၇၅၀

၆၈၀

၁၂၀၀

ဇွန်လ

၂၃၀၀

၂၅၀၀

၃၁၈၀

၃၂၀၀

 

၂၇၅၀

 

၁၇၅၀

၆၈၀

၁၂၀၀

ဇူလိုင်

၂၂၅၀

၂၅၀၀

၃၂၀၀

၃၃၀၀

 

၂၇၅၀

 

၁၇၅၀

၆၈၀

၁၂၀၀

သြဂုတ်

၂၃၀၀

၂၆၅၀

၃၂၈၀

၃၅၀၀

၂၇၅၀

၃၀၀၀

 

၁၇၅၀

၆၈၀

၁၂၀၀

စက်တင်ဘာ

၂၆၅၀

၃၀၀၀

၃၃၅၀

၃၅၀၀

၃၀၀၀

၃၃၅၀

၁၈၀၀

၂၀၀၀

၆၈၀

၁၃၅၀

၁၀

အောက်တိုဘာ

(၂၃.၁၀.၂၀၂၃ထိ)

၃၀၀၀

၃၁၅၀

၃၆၅၀

၃၇၅၀

 

၃၃၅၀

 

၂၀၀၀

၇၅၀

၁၃၅၀

  DOCA(မန္တလေး)