မြို့သစ်ဈေးတွင် ရောင်းချနေသော မုန်လာဥဖြူ ဈေးကွက်

Powered by Drupal

   ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်းရှိ မြို့သစ်ဈေးနှင့် ပြည်မြို့ပေါ်ရှိ ဈေးများတွင် ပုတီးကုန်းဒေသမှထွက်ရှိသော မုန်လာဥဖြူများကို နေ့စဉ် မီးရထားဖြင့် သယ်ယူပြီး ရောင်းဝယ်ကြကြောင်း မြို့သစ်ဈေးသယ်များထံမှ သိရှိရပါသည်။

  မုန်လာဥဖြူကို တို့စရာအပြင် ပြုတ်ပြီး ငါးပိရည်ဖြင့် စားခြင်း၊ အစိမ်းလိုက်အခွံခွါရေဆေးပြီး စားခြင်း၊ သုပ်စားခြင်း၊ အချဉ်ထည့်ခြင်း၊ နေလှန်းအခြောက်ခံထားခြင်း၊ စားတာလည်းရှိပါတယ်။ အသားတစ်ခုခုနှင့်ရောပြီး ဟင်းချိုအဖြစ် ချက်ပြုတ်စားသောက်ခြင်းနှင့် အတုံးသေးအဖြစ် လှီးပြီး ကြော်စားခြင်း စသည်ဖြင့် အမျိုးမျိုးပြုလုပ်စားသောက်ကြပါသည်။

    ပြည်မြို့၊ မြို့သစ်ဈေးတွင် ရောင်းချနေသော မုန်လာဥဖြူများမှာ အသေးစည်းနှင့်အကြီးစည်း ဟူ၍ (၂)မျိုးရောင်းချကြပါသည်။ အလုံးအသေးတစ်စည်းလျှင် (၁၀)ပင်တစ်တွဲရှိပြီး အလုံးကြီး တစ်စည်းလျှင် (၅)ပင်တစ်တွဲရှိပါသည်။ အသေးစည်းတစ်စည်းလျှင် (၃၀၀)ကျပ်ဖြင့် ရောင်းချပြီး အကြီးတစ်စည်းလျှင် (၅၀၀)ကျပ်ဖြင့်ရောင်းချကြောင်း သိရပါသည်။

DOCA(ပဲခူး)