၂၀၂၃ခုနှစ်၊ အောက်တိုဘာ တတိယပတ်အတွင်း ၁၆ရက်မှ ၂၂ရက်ထိ ပြည်ကြက်သွန်နီဈေးကွက်သို့ နေ့စဉ် ပိဿာချိန် ၇၀၀၀၀ ခန့် အဝင်ရှိပြီး တစ်ပတ်လျှင် ပိဿာချိန်ပေါင်း ၅၀၀၀၀ ခန့် ဝင်ရောက် မှုရှိနေကာ မကွေးတိုင်း၊ ဆိပ်ဖြူနှင့် မန္တလေးတိုင်း ကျောက်ပန်းတောင်းဘက်တို့မှ အများဆုံး ဝင်ရောက်မှုရှိနေကြောင်း သိရပါသည်။ ပြည်ဈေးကွက်အရောင်းအဝယ်အနေဖြင့် ပန်းတောင်း (ဥသျှစ်ပင်)၊ ဧရာဝတီ(ကြံခင်း)နှင့် ရခိုင်(တောင်ကုတ်)ဘက်တို့သို့ စီးဆင်းမှုရှိနေပြီး ဒေသတွင်း ဝယ်လက်များ၊ နယ်အိတ်ဆွဲဝယ်ရောင်းသမားများနှင့် အရောင်းအဝယ်မှာ ပုံမှန်ရှိနေပါသည်။
ယခုတစ်ပတ်ဈေးနှုန်းများမှာ ပွဲရုံလက်ကားဈေး တစ်ပိဿာလျှင် ကြီး/လတ်/သေး ကျပ် ၃၀၀၀/၂၉၀၀/၂၈၀၀ နှုန်းတို့ရှိပြီး ပြည်မြို့ပေါ်ရှိ လက်လီဈေးများတွင် ကျပ် ၃၅၀၀/၃၃၀၀-၃၄၀၀/၃၂၀၀ နှုန်းတို့ဖြင့် ရောင်းဝယ်မှုရှိနေပါသည်။ ပြည်ဈေးကွက်အတွင်း ကြက်သွန်နီဈေးနှုန်းများမှာ သင်္ကြန်ကျော်ကာလမှ စတင်ဈေးမြင့်ခဲ့ပြီး ယခုလက်ရှိတွင် အမြင့်ဈေးကျပ် ၃၃၀၀ ဝန်းကျင် ဖြင့် ဈေးငြိမ်နေလျက်ရှိပါသည်။ ၂၀၂၃ ခုနှစ် ဧပြီလမှ စက်တင်ဘာလထိ ပြည်ဈေးကွက်အတွင်း ဖြစ်ပေါ်ခဲ့သော ကြက်သွန်နီ(အလတ်စ)ဈေးနှုန်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
စဥ် လအမည် လက်ကားဈေး(ကျပ်) လက်လီဈေး(ကျပ်)
၁။ ဧပြီ ၁၄၀၀ ၁၆၀၀
၂။ မေ ၂၁၀၀ ၂၃၀၀
၃။ ဇွန် ၂၃၀၀ ၂၅၀၀
၄။ ဇူလိုင် ၂၅၀၀ ၂၆၀၀
၅။ ဩဂုတ် ၂၉၀၀ ၃၁၀၀
၆။ စက်တင်ဘာ ၃၅၀၀ ၃၇၀၀
၇။ အောက်တိုဘာ ၃၂၀၀ ၃၃၀၀
DOCA(ပဲခူး)