စဉ့်ကိုင်မြို့နယ်၌ သက်သာသောစျေးနှုန်းတို့ဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချလျက်ရှိ

Powered by Drupal

    မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ မြို့မစျေးအနီး၌ (၂၀-၁၀-၂၀၂၃) ရက်နေ့တွင် စဉ့်ကိုင်မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့ကဦးဆောင်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၊ မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့်ပူးပေါင်း၍ သက်သာသောစျေးနှုန်းများဖြင့် အခြေခံစားသောက်ကုန်များရောင်းချပေးလျက်ရှိပါသည်။ ထိုသို့ရောင်းချရာတွင် ဆန်(၁)ပြည်လျှင် (၃၀၀၀/-)ကျပ်၊ ဆီ(၁)ပိဿာလျှင် (၄၆၉၇/-)ကျပ်၊ ဝက်သား(၁)ပိဿာလျှင် (၁၅၀၀၀/-)ကျပ်၊ အမဲသား (၁)ပိဿာလျှင် (၁၂၀၀၀/-)ကျပ်၊ ဆိတ်သား(၁)ပိဿာလျှင် (၂၀၀၀၀/-)ကျပ်၊ ငါး(၁)ပိဿာလျှင်(၆၀၀၀/-)ကျပ်နှင့် ကြက်ဥ(၁)လုံးလျှင် (၂၅၀/-)ကျပ်စျေးနှုန်းတို့ဖြင့် စားသုံးသူပြည်သူများအား ရောင်းချပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)