မန္တလေးမြို့၏ အင်းလေးဒေသထွက် ချည်ထည်ဈေးကွက်

Powered by Drupal

     မန္တလေးမြို့တွင် ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးမှထွက်ရှိသည့် ရိုးရာချည်ထည်အထူအပါးများဖြစ်သည့် ကျားဝတ်မျိုးစုံ၊ မဝတ်မျိုးစုံနှင့် ကလေးဝတ်မျိုးစုံတို့ကို အသင့်ချုပ်၍ရောင်းချရာ ၎င်းတို့မှာ လူကြိုက်များသည့် ရိုးရာချည်ထည်များဖြစ်ပါသည်။ အမျိုးသားများအတွက် ဘောင်းဘီရှည်နှင့် ဘောင်းဘီတိုမျိုးစုံ၊ ရှပ်အင်္ကျီလက်တို၊ လက်ရှည်အကွက်၊ အစင်း၊ ပြောင်များမှာ ချုပ်ရိုးချုပ်သားသပ်ရပ်ပြီး ခိုင်ခန့်သည့်အတွက် အကြိုက်များကြပါသည်။ အမျိုးသမီးများအနေဖြင့် လူကြီး၊ လူလတ်ဝတ် ဘောင်းဘီ၊ ဘလောက်အင်္ကျီမျိုးစုံနှင့် နွေရာသီနှင့်ဆောင်းရာသီတို့အတွက် ချည်သားအထူဖြင့်ချုပ်ထားသည့် အပေါ်ဝတ်ချည်ထည်များကို အမျိုးသမီးများကြိုက်နှစ်သက်ကြပါသည်။ ကလေးဝတ်များမှာလည်း ရောင်းအားကောင်းသည့် ကုန်ပစ္စည်းဖြစ်ပါသည်။ ဈေးနှုန်းအနေဖြင့် သင့်တင့်သည့်အတွက် ရောင်းအားကောင်းသည့်အပြင် မန္တလေးတောင်အနီး ကျောက်တော်ကြီးဘုရားကြီးနှင့် မန္တလေးအရှေ့ပြင်ရပ်၊ (၁၆)လမ်း (၁၇) လမ်းကြားတွင် ဆိုင်ခန်းဖွင့်လှစ်၍ ရောင်းချခြင်းဖြစ်သည့်အတွက် ဘုရားဖူးပြည်သူများလည်းဝယ်ယူအားပေးမှုရှိကြောင်း၊ ပြည်ပခရီးသွားများမှာလည်း စိတ်ဝင်စားမှုရှိသည့် ရိုးရာချည်ထည်များကို ဝယ်ယူအားပေးလျက်ရှိကြောင်း၊ မန္တလေးမြို့၏ ရာသီဥတုနှင့်ကိုက်ညီသည့် အင်းလေးရိုးရာချည်ထည်ဈေးနှုန်းများမှာလည်း သင့်တင့်မျှတသည့်အတွက် လူကြိုက်များသည့် ရိုးရာချည်ထည်များဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(မန္တလေး)