စလင်းမြို့၊ မြို့မဈေးအတွင်း၌အောက်တိုဘာလ(တတိယပတ်)အတွင်း ဖြစ်ပေါ်နေသော ဈေးနှုန်းအခြေအနေ

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ မြို့မစည်ပင်သာယာဈေးသို့ မြို့ပေါ်ရှိ ဈေးသည်များ၊ ပတ်ဝန်းကျင်ကျေးရွာများဖြစ်ကြသော နွယ်တမယ်ကျေးရွာ၊ အောက်လှိုင်းကျေးရွာ၊ မြောက်ရှားတောကျေးရွာနှင့် ဆင်ဖြူကျွန်း၊ ပွင့်ဖြူမြို့တို့မှ အဓိကလာရောက်ရောင်းဝယ် ဖောက်ကားလျက်ရှိပါသည်။

   စလင်းမြို့၊ မြို့မဈေး၌ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(တတိယပတ်)တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများမှာ ဧရာပဒေသာဆန်(၁)အိတ်လျှင် ကျပ်(၁၁၀၀၀၀-၁၃၀၀၀၀)၊ မနောသုခဆန်(၁) အိတ်လျှင် ကျပ်(၉၀၀၀၀-၁၀၀၀၀၀)၊ ဆင်ဖြူကျွန်းဒေသထွက် ကြက်သွန်နီ(၁)ပိဿာလျှင် ကျပ် (၃၅၀၀)နှင့် ဆိပ်ဖြူဒေသထွက် ကြက်သွန်နီ(၁) ပိဿာလျှင် ကျပ်(၃၄၀၀-၃၅၀၀)၊ ကြက်သွန်ဖြူ (ရှမ်း)(၁)ပိဿာလျှင် ကျပ်(၁၀၀00)၊ မန်ကျည်းသီးမှည့်(၁)ပိဿာလျှင် ကျပ်(၃၀00)၊ ကြက်ဥ(၁)လုံး လျှင် ကျပ်(၂၈၀)၊  ကြက်သား(ဗမာ)(၁)ပိဿာလျှင် ကျပ်(၁၇၀၀၀)၊ ဝက်သား (၁)ပိဿာလျှင် ကျပ် (၁၂၀၀၀)၊ အမဲသား(၁)ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ ဆိတ်သား (၁)ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ ငါးကြင်း (၁)ပိဿာလျှင် ကျပ်(၁၂၀၀၀)တို့ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)