မော်လမြိုင်မြို့၊ သံလွင်ဈေးအတွင်းရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်းများအခြေအနေ

Powered by Drupal

     ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ စတုတ္ထအပတ်တွင် မော်လမြိုင်မြို့၊ သံလွင်ဈေးအတွင်း အခြေခံစားကုန်များဖြစ်သော ပေါ်ဆန်း(ဆန်)(သစ်) ၂၄ပြည်ပါတစ်အိတ်လျှင် ကျပ် (၁၀၄၀၀၀)၊ ဧည့်မထ(ဆန်)(သစ်) ၂၄ပြည်ပါတစ်အိတ်လျှင် ကျပ် (၇၃၀၀၀)၊ စားအုန်းဆီတစ်ပိဿာလျှင် ကျပ် (၇၃၀၀)၊ မြေပဲဆီတစ်ပိဿာလျှင် ကျပ် (၁၆၀၀၀)၊ ကြက်သွန်နီ(အသစ်) တစ်ပိဿာလျှင် ကျပ် (၃၃၀၀) ၊ ချင်းတစ်ပိဿာလျှင် ကျပ် (၆၀၀၀)၊ ကြက်သွန်ဖြူ(ရှမ်းစ) တစ်ပိဿာလျှင် ကျပ် (၁၂၀၀၀)၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် ကျပ် (၁၀၀၀၀)၊ ဆားတစ်ပိဿာလျှင် ကျပ် (၈၀၀)၊ အာလူးတစ်ပိဿာလျှင် ကျပ် (၂၃၀၀)၊ မန်ကျည်းသီးမှည့်တစ်ပိဿာလျှင် ကျပ် (၅၀၀၀)၊ ငရုတ်ခြောက်ရှည်တစ်ပိဿာလျှင် ကျပ် (၁၄၀၀၀)၊ နနွင်းတက်တစ်ပိဿာလျှင် ကျပ် (၈၀၀၀)၊ ပဲနီလေး (မြန်မာ) တစ်ပိဿာလျှင် ကျပ် (၇၀၀၀)၊ ကုလားပဲခြမ်းတစ်ပိဿာလျှင် ကျပ် (၇၀၀၀)၊ မြေပဲဆံတစ်ပိဿာလျှင် ကျပ် (၁၂၀၀၀)၊ သကြားတစ်ပိဿာလျှင် ကျပ် (၄၂၀၀)၊ မွေးမြူရေးကြက်တစ်ပိဿာလျှင် ကျပ် (၁၀၀၀၀)၊ ဝက်သားတစ်ပိဿာလျှင် ကျပ် (၁၆၀၀၀)၊ ဆိတ်သားတစ်ပိဿာလျှင် ကျပ် (၃၀၀၀၀)၊ အမဲသားတစ်ပိဿာလျှင် ကျပ် (၁၇၀၀၀)၊ ငါးကြင်းတစ်ပိဿာလျှင် ကျပ် (၁၇၀၀၀)၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ကျပ် (၁၂၀၀၀)၊ ငါးခူတစ်ပိဿာလျှင် ကျပ် (၁၂၀၀၀)၊ အာဗြဲခြောက်တစ်ပိဿာလျှင် ကျပ် (၃၂၀၀၀)၊ ကြက်ဥတစ်လုံးလျှင် ကျပ် (၂၇၀)၊ ဘဲဥတစ်လုံးလျှင် ကျပ် (၄၀၀)၊ ကန်စွန်းရွက်တစ်စည်းလျှင် ကျပ် (၂၀၀)၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ် (၂၅၀၀)၊ ပဲတောင့်ရှည်တစ်စည်းလျှင် ကျပ် (၅၀၀) ဖြင့် အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိပြီး အောက်တိုဘာလ ပထမအပတ်အတွင်း အရောင်းအဝယ်ဖြစ်ပေါ်ခဲ့သောဈေးနှုန်းထက် အနည်းငယ်ကျဆင်းလာခဲ့ကြောင်း ဈေးဆိုင်များမှသိရှိရပါသည်။

DOCA(မွန်)