ဖျာပုံခရိုင်၊ ကျုံတာ-ရှမ်းကွင်းကျေးရွာအုပ်စု၊ ရှမ်းကွင်းကျေးရွာ၌ သက်သာဈေးနှုန်းဖြင့် ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ဘဲဥများရောင်းချ

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ဈေးကားဖြင့် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(၂၀)ရက်နေ့၊ နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် ဖျာပုံမြို့နယ်အတွင်းရှိ ကျုံတာ-ရှမ်းကွင်းကျေးရွာအုပ်စု၊ ရှမ်းကွင်းကျေးရွာသို့သွားရောက်၍  လုပ်သားပြည်သူများထံသို့ သက်သာဈေးနှုန်းဖြင့် ဆန်၊ ဆီ၊ ဆား ဘဲဥ၊ ကြက်ဥတို့ကိုရောင်းချပေးခဲ့ပါသည်။ အဆိုပါ ရောင်းချရာတွင် ဖျာပုံမြို့နယ်၊ ရပ်ကွက်ကျေးရွာများအတွင်းရှိ အမှန်တကယ်လိုအပ်လျက်ရှိသော လုပ်သားပြည်သူများထံသို့ သက်သာဈေးနှုန်းဖြင့် ဆန်(၁)ပြည်လျှင် (၂၅၀၀)ကျပ်၊ ဆီ(၁)ပိဿာလျှင် (၄၇၀၀)ကျပ်၊ ဆား(၁)ပိဿာလျှင် (၂၀၀)ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၂၄၀)ကျပ်၊ ဘဲဥတစ်လုံးလျှင် (၂၈၀)ကျပ်တို့ဖြင့်ရောင်းချပေးခဲ့ပါသည်။

     ထိုသို့ရောင်းချရာတွင် ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏အစီအစဉ်ဖြင့် စားသုံးဆီသက်သာဈေးနှုန်းဖြင့် ရောင်းချပေးသည့်အပြင် အခြားစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆား၊ ကြက်ဥ၊ ဘဲဥတို့ကို အမှန်တကယ်လိုအပ်လျက်ရှိသော ရပ်ကွက်၊ ကျေးရွာများသို့ ဈေးကားဖြင့် နေ့စဉ်နေ့တိုင်း ကွင်းဆင်းရောင်းချလျက်ရှိရာ ကုန်ဈေးနှုန်းများတည်ငြိမ်ကျဆင်းသွားစေရန် အထူးအလေးထားလုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(ဧရာဝတီ)