ဖျာပုံခရိုင်၊ သလိပ်ကြီး၊ သလိပ်ကလေးကျေးရွာများသို့ သက်သာဈေးနှုန်းဖြင့် ဆန်၊ ဆီ၊ ကြက်ဥ၊ ဘဲဥများရောင်းချ

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ဈေးကားဖြင့် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(၂၀)ရက်နေ့၊ နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် ဖျာပုံမြို့နယ်အတွင်းရှိ သလိပ်ကြီး၊ သလိပ်ကလေးကျေးရွာများသို့သွားရောက်၍ ဆန်၊ ဆီ၊ ဘဲဥ၊ ကြက်ဥတို့ကို လုပ်သားပြည်သူများထံသို့ သက်သာဈေးနှုန်းဖြင့် လိုက်လံရောင်းချပေးခဲ့ကြပါသည်။ ထိုသို့ရောင်းချရာတွင် ဖျာပုံမြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများအတွင်းရှိ အမှန်တကယ်လိုအပ်လျက်ရှိသော လုပ်သားပြည်သူများထံသို့ သက်သာဈေးနှုန်းဖြင့် ဆန်(၁)ပြည်လျှင် (၂၅၀၀)ကျပ်၊ ဆီ(၁)ပိဿာလျှင်(၄၇၀၀)ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၂၄၀)ကျပ်၊ ဘဲဥတစ်လုံးလျှင် (၂၈၀)ကျပ် စသည်ဖြင့် ရောင်းချပေးခဲ့ကြပါသည်။

     ထိုသို့ရောင်းချရာတွင် ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက မိမိတို့စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် အမှန်တကယ်လိုအပ်လျက်ရှိသော ရပ်ကွက်၊ ကျေးရွာများသို့ ဈေးကားဖြင့် နေ့စဉ်နေ့တိုင်း ကွင်းဆင်းရောင်းချလျက်ရှိရာ ကုန်ဈေးနှုန်းများတည်ငြိမ်ကျဆင်းသွားစေရန် အထူးလေးထားလုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(ဧရာဝတီ)