ကျွန်းလှမြို့၌ အောက်တိုဘာလ စတုထ္ထအပတ်တွင်ရောင်းချနေသော စက်သုံးဆီဈေးနှုန်းများ

Powered by Drupal

ရက်စွဲ၊ ၂၅.၁၀.၂၀၂၃

          မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ ရည်ညွှန်းလက်ကားဈေးနှုန်းများအား  နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည် ။

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စက်သုံးဆီဆိုင် (၃)ဆိုင် ပုံမှန် ဖွင့်လှစ် ရောင်းချလျက်ရှိပြီး အောက်တိုဘာလ တတိယအပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာ လျှင် (၂၀၉၀)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာ(၂၁၉၀)ကျပ်၊ ဒီဇယ်(ရိုးရိုး)တစ်လီတာ(၂၃၄၅)ကျပ်၊ ဒီဇယ် (ပရီမီယမ်)တစ်လီတာ(၂၄၅၅)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါသည်။

        ယခု အောက်တိုဘာလ စတုထ္ထအပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင်    (၂၁၃၀)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာ(၂၂၃၅)ကျပ်၊ ဒီဇယ်(ရိုးရိုး)တစ်လီတာ(၂၃၉၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာ(၂၅၁၀)ကျပ်ဖြင့် ရောင်းချသောကြောင့်  ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဓါတ်ဆီ(92) တစ်လီတာ လျှင်(၄၀)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာ(၄၅)ကျပ်၊ ဒီဇယ်(ရိုးရိုး)တစ်လီတာ(၅၀)ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာ(၅၅)ကျပ်  မြင့်တက်လျက်ရှိကြောင်း ကျွန်းလှမြို့ စက်သုံးဆီဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)