ကန့်ဘလူမြို့၌ ပြည်သူများအား စားအုန်းဆီများ ဈေးနှုန်းသက်သာစွာရောင်းချပေး

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် ကန့်ဘလူမြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၊  တာဝန်ရှိသူများနှင့် ဆီကုန်သည်တို့ပူးပေါင်းကာ (၂၅.၁၀.၂၀၂၃)ရက်နေ့ နံနက် ၀၇:၀၀နာရီက ကန့်ဘလူမြို့ စည်ပင်သာယာခန်းမ၌ စားအုန်းဆီများကို ကန့်ဘလူမြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများအား ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

      အဆိုပါ စားအုန်းဆီများရောင်းချပေးရာတွင် ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများဝယ်ယူရရှိစေရန်နှင့် စားဝတ်နေရေးအဆင်ပြေချောမွေ့စေရန်အတွက် စားအုန်းဆီ (၁)ပိဿာ လျှင် (၅၂၀၀)ကျပ်ဖြင့် ပြည်သူတစ်ဦးလျှင်(၅၀)ကျပ်သားနှုန်း၊ ပြည်သူ(၁၅၆၀)ဦးအား ရောင်းချပေးခဲ့ကြောင်း ၊ စားအုန်းဆီခွဲတမ်းရရှိသည့်အပေါ်မူတည်၍ ဆက်လက်ရောင်းချပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း ဆီကုန်သည် ဦးနွေဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)