ကန့်ဘလူမြို့တွင်ရောင်းချလျက်ရှိသော သစ်သီးဝလံဈေးနှုန်းများ

Powered by Drupal

         ကန့်ဘလူမြို့တွင်ရောင်းချနေသော သစ်သီးဝလံများမှာ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်၊ မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့ရှိသစ်သီးပွဲရုံများမှ အသီးသီး ဝင်ရောက်လျက်ရှိသည်။

      ၂၀၂၃ခုနှစ်၊ အောက်တိုဘာလစတုတ္တပတ်တွင် ဖြစ်ပေါ်လျက်ရှိသော သစ်သီးဝလံဈေး နှုန်းများမှာ ဇီးပန်းသီး (၁)ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ပန်းသီး(ရိုးရိုး) အသေး(၁)လုံးလျှင် (၃၀၀ မှ  ၅၀၀)ကျပ်ထိ၊ ပန်းသီး(ရိုးရိုး) အကြီး(၁)လုံးလျှင်(၁၀၀၀မှ ၁၅၀၀)ကျပ်ထိ၊ စပျစ်သီး (အလုံး သေး) (၁)ပိဿာ လျှင် (၁၂၀၀၀)ကျပ်၊  စပျစ်သီး(အလုံးကြီး) (၁)ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ ပန်းသစ်တော်သီး(၁)လုံးလျှင် (၂၀၀၀)ကျပ်၊  ဖီးကြမ်းငှက်ပျောသီး (၁)ဖီး လျှင်(၁၅၀၀)ကျပ်၊ ခွန်စိမ်း ရိုးရိုး (၁)ဖီးလျှင် (၁၂၀၀ မှ ၁၃၀၀)ကျပ်ထိ၊ ဖရဲသီး(၁)လုံးလျှင် (၂၅၀၀ မှ ၃၀၀၀)ကျပ်ထိ၊ သခွားမွှေး (၁)လုံးလျှင် (၂၀၀၀ မှ ၂၅၀၀)ကျပ်ထိ၊  နဂါးမောက်သီး (၁)လုံး လျှင် (၅၀၀ မှ ၈၀၀) ကျပ်ထိ၊ မက်မန်းသီး(၁)ပိဿာလျှင် (၄၅၀၀)ကျပ်၊ နာနတ်သီး(၁)လုံးလျှင် (၂၀၀၀ မှ ၂၅၀၀) ကျပ်ထိ၊ ရှောက်ပန်းသီး(၁)လုံးလျှင် (၁၅၀၀)ကျပ်၊ တည်သီး(၁)လုံးလျှင် (၁၀၀၀မှ ၁၅၀၀) ကျပ်ထိ ၊ ထောပတ်သီး(၁)လုံးလျှင် (၅၀၀မှ ၈၀၀)ကျပ်ထိဖြင့် အသီးသီးအရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)