ကန့်ဘလူ၊ ကျွန်းလှမြို့တို့၌ အောက်တိုဘာဘာလ စတုထ္ထ အပတ်တွင် ရောင်းချနေသော အခြေခံစားကုန်များ၏ဈေးနှုန်းအခြေအနေ

Powered by Drupal

ရက်စွဲ၊ ၂၅.၁၀.၂၀၂၃

         ၂၀၂၃ ခုနှစ် အောက်တိုဘာလ စတုထ္ထအပတ်အတွင်း ကန့်ဘလူ၊ ကျွန်းလှမြို့တို့တွင် အခြေခံစားကုန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း တစ်ပြည် (၅၂၀၀)ကျပ်၊ ဧရာမင်း တစ်ပြည် (၅၅၀၀)ကျပ်ဖြင့် တည်ငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျှက်ရှိသည်။ ကြက်သွန်နီ လက်လီဈေးမှာ အကြီး /အသေးပါ်မူတည်၍ တစ်ပိသာ လျှင်(၃၀၀၀/၃၅၀၀)ကျပ် ၊ကြက်သွန်ဖြူ လက်လီဈေးမှာ(ဗမာ) အလုံးကြီး တစ်ပိသာ (၁၀၀၀၀)ကျပ် ၊ အလုံး သေး တစ်ပိသာ (၉၀၀၀)ကျပ် ၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိသာ (၁၀၀၀၀) ကျပ် ၊ ဂျင်း တစ်ပိသာလျှင် (၆၀၀၀) ကျပ်၊ ငရုတ်သီးခြောက် တစ်ပိသာ (၁၇၀၀၀/၁၈၀၀၀)ကျပ် ၊ အာလူး အသေး/အကြီး အမျိုးအစား အလိုက် တစ်ပိသာ(၂၃၀၀/၂၅၀၀)ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိပါသည်။

           ငရုပ်သီးစိမ်း တစ်ပိသာ (၃၀၀၀)ကျပ် ၊ ခရမ်းချဉ်သီး တစ်ပိသာ အကြီး/ အသေးပေါ်တူတည်ပြီး (၁၈၀၀/၂၀၀၀)ကျပ် ၊ ခရမ်းသီး  တစ်ပိသာ (၂၀၀၀) ကျပ် ၊ ပန်းဂေါ်ဖီ တစ်ပွင့်  (၂၀၀၀/၂၅၀၀) ကျပ် ၊ ဂေါ်ဖီထုတ် တစ်ထုတ် လျှင် (၁၅၀၀/၁၈၀၀) ကျပ် ၊ ခါကြက်ဥ(တရုတ်) တစ်ပိသာ (၅၀၀၀)ကျပ် ၊ ခါကြက်ဥ (ဗမာ) တစ်ပိသာ လျှင် (၃၅၀၀)ကျပ် ၊ သံပုရာသီး တစ်လုံးလျှင် (၅၀) ကျပ် မှ (၁၀၀) ကျပ် ၊ ကန်ဇွန်းရွက် တစ်စီးလျှင် (၁၅၀) ကျပ်၊ ပဲတောင့်ရှည် တစ်စီးလျှင်(၃၀၀)ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည် ။

          ကြက်ဥ လက်လီဈေးနှုန်းမှာ (အကြီး)တစ်လုံး (၂၇၀)ကျပ်၊ (အသေ)တစ်လုံး (၂၆၀) ကျပ် ၊ ဘဲဥ တစ်လုံ (၃၀၀)ကျပ်ရှိသည်။  ကန့်ဘလူ၊ ကျွန်းလှမြို့တို့၏ အသား /ငါး ဈေးနှုန်းများမှာ ကြက်သား(cp) (၁၂၀၀၀) ကျပ် ၊ ကြက်သား(ဗမာ) (၁၂၅၀၀)ကျပ်  ၊ ဝက်သား တစ်ပိ သာ (၁၇၀၀၀/၁၈၀၀၀) ကျပ် ၊ အမဲသာ တစ်ပိသာ (၁၁၀၀၀) ကျပ် မှ (၁၄၀၀၀) ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း တွေ့ရှိရပါသည်။ ငါးကြင်း အကောင်လိုက် တစ်ပိသာ(၉၀၀၀) ကျပ်၊ ငါးကြင်းခုတ်သား ဈေးမှာ တစ်ပိသာ  (၁၆၀၀၀) ကျပ်၊ တီလားဗီးယားငါး အသေးတစ်ပိသာ (၄၈၀၀)ကျပ် ၊ အကြီး တစ်ပိသာ (၇၀၀၀)ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

          စားသုံးဆီဈေးနှုန်းမှာ မြေပဲဆီသန့် တစ်ပိသာလျှင် (၁၄၀၀၀)ကျပ် ၊စားအုန်းဆီတစ်ပိသာလျှင် (၅၂၀၀) ကျပ် ဖြင့်အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။

          အောက်တိုဘာလ စတုထ္ထအပတ်အတွင်း အခြေခံစားကုန်ဈေးနှုန်းများအား ယခင်အပတ်ဈေးနှုန်းများ နှိုင်းယှဉ်ကြည့်လျှင် အခြားအခြေခံစားကုန်ဈေးနှုန်းများ ကွာဟမှုမရှိကြောင်းနှင့် အသီးအရွက်ဈေးများနှင့် အသားဈေး/ငါးဈေးနှန်းများမှာ တည်ငြိမ်လျှက်ရှိနေကြောင်း ကန့်ဘလူမြို့မဈေး ရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)