မကွေးမြို့ပေါ်ရှိဈေးများ၌ ရောင်းချလျက်ရှိသော စားဖိုဆောင်သုံး ကုန်ဈေးနှုန်းအခြေအနေ

Powered by Drupal

   မကွေးမြို့ပေါ်ရှိဈေးများသို့ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုတ်၊ ခရမ်းချဉ်းသီး၊ ဂျင်းတက်၊ နနွင်းတက်၊ ငရုတ်သီးခြောက်၊ ကြက်သွန်ဖြူများကို မန္တ‌လေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်နှင့်ရှမ်းပြည်နယ်၊ အောင်ပန်းမြို့ တို့မှ ဝင်ရောက်လျက်ရှိပြီး သံပုရာသီး၊ သံပုယိုသီး၊ ရှောက်သီးနှင့် ကြက်သွန်နီများကို မင်းဘူး(စကု)မြို့နယ်၊ ပွင့်ဖြူမြို့နယ်၊ ဆင်ဖြူကျွန်းမြို့နှင့် ဆိပ်ဖြူမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း မကွေးမြို့ပေါ်ရှိ ပွဲရုံများထံမှ သိရှိရပါသည်။

     ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(၁၉)ရက်မှ (၂၅)ရက်နေ့အတွင်း မကွေးမြို့ပေါ်စျေးများ၌ ရောင်းချလျက်ရှိသော ဈေးနှုန်းများမှာ ပန်းဂေါ်ဖီပွင့်(၁)ပွင့်လျှင် ကျပ်(၁၃၀၀)၊ ဂေါ်ဖီထုပ် (၁)ထုပ်လျှင် ကျပ်(၁၃၀၀)၊ ခရမ်းချဉ်းသီး(၁)ပိဿာလျှင် ကျပ်(၁၆၀၀)၊ ကန်ဇွန်းရွက်(၃)စည်းလျှင် ကျပ် (၂၀၀)၊ ဂျင်းတက်(၁)ပိဿာလျှင် ကျပ်(၅၀၀၀)၊ အာလူး(၁)ပိဿာလျှင် ကျပ်(၂၇၀၀)၊ နနွင်းတက်(၁) ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ သံပုရာသီး(၄)လုံးလျှင် ကျပ်(၅၀၀)၊ ရှောက်သီး(၁)လုံးလျှင် ကျပ်(၄၀၀)၊ ကြက်သွန်နီ(၁)ပိဿာလျှင် ကျပ်(၃၅၀၀)၊ ကြက်သွန်ဖြူ(ရှမ်း)(၁)ပိဿာလျှင် ကျပ်(၈၅၀၀)၊ ငရုတ် သီးခြောက်(၁)ပိဿာလျှင် ကျပ်(၁၁၅၀၀)၊ (CP)ကြက်သား(၁)ပိဿာလျှင် ကျပ်(၈၀၀၀)၊ ဝက်သား (၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ အမဲသား(၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ ဆိတ်သား(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ငါးမြစ်ချင်း(၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ ကြက်ဥ(၁)လုံးလျှင် ကျပ်(၂၆၀)နှင့် ဘဲဥ (၁)လုံးလျှင် ကျပ်(၃၈၀)အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)