မကွေးကုန်စည်ဒိုင်၏ အောက်တိုဘာလ(တတိယပတ်)ပဲမျိုးစုံဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးကုန်စည်ဒိုင်သို့ နှမ်းနှင့်ပဲမျိုးစုံသီးနှံများကို  မကွေးမြို့နယ်အတွင်းရှိကျေးရွာများနှင့် ရေနံချောင်း၊ နတ်မောက်မြို့များအပြင် မင်းဘူးမြို့နယ်ရှိ ကျေးရွာများမှလည်း လာရောက်ရောင်းချကြကြောင်း သိရပါသည်။

   အရောင်းအဝယ်ဖြစ်လျက်ရှိသောဈေးနှုန်းများမှာ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (ဒုတိယပတ်) တွင် မတ်ပဲ(၁)တင်းလျှင် ကျပ်(၈၅၀၀၀)ဖြစ်ပြီး အောက်တိုဘာလ(တတိယပတ်)တွင် ကျပ် (၈၆၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀)ဈေးမြင့်ခဲ့ပါသည်။  ယခုတစ်ပတ်တွင် ကုလားပဲ(HL)(၁)တင်းလျှင် ကျပ်(၈၇၉၇၀)၊ ကုလားပဲ(929)(၁)တင်းလျှင် ကျပ်(၈၈၇၃၀)၊ ပဲကြီးဖြူ(၁)တင်းလျှင် ကျပ် (၉၇၀၀၀)၊ ပဲကြီးမဲ(၁)တင်းလျှင် ကျပ်(၈၅၀၂၅)၊ မြေပဲလုံးဆံ(အောက်ကျဆီဆံ)(၁)တင်းလျှင် ကျပ်(၇၂၀၀၀)ဖြစ်၍  ယခင်အပတ်အတိုင်း ဈေးနှုန်းပြောင်းလဲမှုမရှိပဲ (၁)ရက်လျှင်(၃၀)ပိဿာဝင် အိတ်ဖြင့် မတ်ပဲအိတ်ရေ(၄၀)အိတ်ခန့်၊ ကုလားပဲ(HL)အိတ်ရေ (၂၈၀)အိတ်ခန့်၊ ကုလားပဲ(929) အိတ်ရေ(၁၂၀)အိတ်ခန့်၊ ပဲကြီးဖြူအိတ်ရေ(၁၀၀)အိတ်ခန့်၊ ပဲကြီးမဲအိတ်ရေ(၄၀)အိတ်ခန့်၊ မြေပဲလုံး ဆံ(အောက်ကျဆီဆံ) အိတ်ရေ(၄၀၀)အိတ်ခန့် အရောင်းအဝယ်ရှိခဲ့ပါသည်။

   မကွေးတိုင်းဒေသကြီးမှ မန္တလေးမြို့သို့တင်ပို့မှုအနေဖြင့် ယခုတစ်ပတ်တွင် မြေပဲ(၁၀၀၀) အိတ်၊ ကုလားပဲ(၁၅၀၀)အိတ်၊ ပဲတီစိမ်း(၁၀၀၀)အိတ်နှင့် ရန်ကုန်မြို့သို့ မြေပဲ(၁၀၀၀)အိတ်၊ ကုလားပဲ(၅၀၀)အိတ်၊ ပဲတီစိမ်း(၁၀၀၀)အိတ်၊ စုစုပေါင်း(၆၀၀၀)အိတ်တို့ တင်ပို့ခဲ့ကြောင်း သိရသည်။

DOCA(မကွေး)