မကွေးမြို့၏ ဝါလကင်းလွတ်သီတင်းကျွတ်ကာလ စက္ကူမီးပုံးစျေးကွက်

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၌ ဝါလကင်းလွတ်သီတင်းကျွတ်ကာလတွင် ရောင်းချလျက်ရှိသော စက္ကူမီးပုံးစျေးကွက်မှာ အရောင်းအဝယ်အေးနေကြောင်း လေ့လာသိရှိရပါသည်။

  မြန်မာ့လက်မှုစက္ကူမီးပုံးများကို မကွေးတိုင်းအတွင်းရှိ ပွင့်ဖြူ၊ စလင်းနှင့် ဆင်ဖြူကျွန်းမြို့နယ်တို့မှ လုပ်ကိုင်ကြပြီး မကွေးနဲ့အနီးတဝိုက်ရှိ မြို့နယ်စျေးကွက်များသို့ တင်ပို့ရောင်းချပါကြောင်း၊ စက္ကူမီးပုံး တစ်ခုလျှင် အနည်းဆုံးကျပ်(၂၅၀၀)မှ အများဆုံး ကျပ်(၆၀၀၀)အထိရောင်းချပါကြောင်း၊ ယခုနှစ်တွင် ယခင်နှစ်ကထက် စျေးနှုန်းမှာကွာခြားမှုမရှိသော်လည်း ရောင်းအားအနေဖြင့် အနည်း ငယ်ကျဆင်းနေပါကြောင်း၊ ယခင်နှစ်များတွင် သီတင်းကျွတ်လပြည့်ချိန်နီးလာလျှင် ပိုမိုရောင်းရပါကြောင်း၊ ယခုနှစ်တွင် စက္ကူမီးပုံးများကို လုပ်ကိုင်ကြသူများလာပြီး ရောင်းချသူများလည်းများ လာပါကြောင်း၊ စက္ကူမီးပုံးများကို ကြယ်ပုံ၊ အသည်းပုံ၊ ယုန်ပုံ၊ လေယာဉ်ပျံပုံနဲ့ သင်္ဘောပုံများ ပြုလုပ်၍ ရောင်းချလျက်ရှိပါကြောင်း မကွေးမြို့မှစက္ကူမီးပုံးရောင်းချသူ ဒေါ်အေးရွှေထံမှ သိရှိရ ပါသည်။

DOCA(မကွေး)