မင်းဘူးမြို့၏ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(တတိယပတ်)စက်သုံးဆီဈေးနှုန်းအခြေအနေ

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်တာဝန်ခံ ဦးမြင့်ကြည်(ရုံးအုပ်)သည် မင်းဘူးမြို့နယ်အတွင်းရောင်းချနေသော  စက်သုံးဆီများအနက်မှ  စက်သုံး ဆီဆိုင်(၃)ဆိုင်ဖြစ်သည့် Silver Wave၊ မင်းဘူးစတားနှင့် ရဲမာန်ဟိန်းဆီဆိုင်တို့အား (၂၃.၁၀.၂၀၂၃) ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း၊ လုပ်ငန်းကြီး ကြပ်ရေးကော်မတီက ထုတ်ပြန်ထားသော စက်သုံးဆီလက်ကားရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချမှုရှိ/မရှိ၊ အချိန်အတွယ်မှန်ကန်မှုရှိ/မရှိတို့အား ရှောင်တခင်ဝင်ရောက် စစ်ဆေးခဲ့ပါသည်။

     ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(တတိယပတ်)တွင်ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92)(၁)လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၀၆၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၂၁၁၀) ဖြစ်၍ ကျပ်(၅၀)ဈေးမြင့်ခဲ့ကြောင်း၊      ဓာတ်ဆီ(95)(၁)လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၁၆၀) ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၂၂၀၅)ဖြစ်၍ ကျပ်(၄၅)ဈေးမြင့်ခဲ့ကြောင်း၊ ဒီဇယ်(ရိုးရိုး)(၁)လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၃၀၅)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၂၃၅၅)ဖြစ်၍ ကျပ်(၅၀)ဈေးမြင့်ခဲ့ကြောင်း၊ ဒီဇယ်(ပရီမီယမ်)(၁)လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၄၂၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၂၄၆၅) ဖြစ်၍ ကျပ်(၄၅)ဈေးနှုန်းအသီးသီးမြင့်တက်လာကြောင်း လေ့လာသိရှိရပါသည်။

DOCA(မကွေး)