အောင်လံကုန်စည်ဒိုင်၏ သီးနှံအရောင်းအဝယ်ဖြစ်မှုအခြေအနေ

Powered by Drupal

 အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် နှမ်းနက်(စမုံ)မှာ (၄၅)ပိဿာ(၁)အိတ်လျှင် ယခင်အပတ် (၁၈-၁၀-၂၀၂၃)ရက်နေ့တွင် ကျပ်(၂၇၅၀၀၀-၃၃၀၀၀၀)ဖြစ်ပြီး ယခုအပတ်(၂၄-၁၀-၂၀၂၃)ရက်နေ့တွင် ကျပ်(၂၇၀၀၀၀-၃၂၅၀၀၀)ဖြစ်၍ ကျပ်(၅၀၀၀)ဈေးမြင့်ခဲ့ပါသည်။ နှမ်းပြာမှာ ယခင် အပတ်တွင် ကျပ်(၂၇၅၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၂၇၀၀၀၀)ဖြစ်၍ ကျပ်(၅၀၀၀) ဈေးလျော့ခဲ့ကြောင်း၊ နှမ်းနီမှာ ယခင်အပတ်တွင် ကျပ်(၃၀၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၂၉၀၀၀၀)ဖြစ်၍ ကျပ် (၁၀၀၀၀)ဈေးလျော့ခဲ့ကြောင်း၊  နှမ်းဖြူမှာ ယခင်အပတ်တွင် ကျပ်(၃၁၀၀၀၀-၃၂၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၃၀၀၀၀၀-၃၁၀၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀၀)စသည့်ဖြင့် အသီးသီးဈေးလျော့ခဲ့ပြီး အရောင်း အဝယ်ပမာဏအနေဖြင့်(၄၅) ပိဿာဝင်အိတ်များဖြင့် နှမ်းနက်(စမုံ)(၃၈၀၀)အိတ်၊ နှမ်းနီ(၂၈၀)အိတ်၊ နှမ်းဖြူ(၂၅၀)အိတ်၊ နှမ်းပြာ(၄၀၀)အိတ်တို့ အရောင်းအဝယ်ရှိခဲ့ကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရသည်။

   ပဲမျိုးစုံဈေးကွက်အနေဖြင့် မတ်ပဲ(၂၀)ပိဿာ(၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၈၆၅၀၀) ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၉၀၀၀၀)ဖြစ်၍ ကျပ်(၃၅၀၀)ဈေးမြင့်ခဲ့ကြောင်း၊ ပဲကြီး ယခင်အပတ်တွင် ကျပ်(၁၀၅၀၀၀-၁၀၇၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၁၁၀၀၀၀-၁၁၅၀၀၀)ဖြစ်၍ ကျပ်(၅၀၀၀-၈၀၀၀)စသည့်ဖြင့် အသီးသီးဈေးမြင့်ခဲ့ပါသည်။ ကုလားပဲ(H-L)မှာ ယခင်အပတ်တွင် ကျပ်(၉၂၅၀၀) ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၉၂၅၀၀)၊ ကုလားပဲ(မြကြေး) ယခင်အပတ်တွင် ကျပ်(၉၁၀၀၀) ဖြစ်ပြီး ယခုအပတ်တွင်လည်းကျပ်(၉၁၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ  အရောင်းအဝယ်ပမာဏအနေဖြင့်  (၃၀)ပိဿာဝင်အိတ်များဖြင့် မတ်ပဲ(၄၀၀)အိတ်၊ ကုလားပဲ(H-L)(၁၇၀၀)အိတ်၊ ကုလားပဲ (မြကြေး)(၆၀၀)အိတ်၊ ပဲကြီး(၃၅၀)အိတ်တို့ အရောင်းအဝယ် ဖြစ်ခဲ့ပါသည်။

   မြေပဲလုံးဆန်ဖြူ(၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၅၈၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ် (၅၄၀၀)ဖြစ်၍ ကျပ်(၄၀၀)ဈေးလျော့ခဲ့ပါသည်။ မြေပဲတောင့်အစိုမှာ (၁)တင်းလျှင် ယခင်အပတ်တွင်  ကျပ်(၁၆၀၀၀-၁၉၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၁၆၀၀၀-၁၉၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ အရောင်းအဝယ်ပမာဏအနေဖြင့် (၃၀)ပိဿာဝင်အိတ်များဖြင့် မြေပဲလုံးဆန်ဖြူ (၇၅၀)အိတ်၊ မြေပဲတောင့်အစို တင်း(၅၄၀၀)ခန့် အရောင်းအဝယ်ရှိခဲ့ပါကြောင်း၊ အပတ်စဉ်ပုံမှန်ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့ တင်ပို့ရောင်းချလျက်ရှိပြီး ယခုအပတ်တွင် အရောင်းအဝယ် ပုံမှန်ရှိကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရသည်။

DOCA(မကွေး)