ကံမမြို့၊မြို့မဈေးအတွင်း ရောင်းချလျက်ရှိသော အခြေခံစားကုန်များ၏လက်လီ ဈေးနှုန်းများအခြေအနေ

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၊ မြို့မစည်ပင်ဈေးအတွင်းသို့ ဆန်၊ ဆီ၊ ကြက်သွန်ဖြူ၊ အာလူးစသည့် ကုန်ပစ္စည်းခြောက်များကို ပြည်မြို့မှလည်းကောင်း ကြက်သွန်နီကို သရက်မြို့မှလည်းကောင်း ဝယ်ယူရောင်းချလျက်ရှိပါသည်။

    ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(၁၉)ရက်မှ(၂၅)ရက်နေ့အတွင်း ကံမမြို့၊ မြို့မစည်ပင်ဈေးအတွင်း ရောင်းချလျက်ရှိသော အခြေခံစားကုန်များ၏ လက်လီဈေးနှုန်းများမှာ ပေါ်ဆန်းမွှေး တစ်ပြည်လျှင် ကျပ်(၅၅၀၀)၊ ဧည့်မထ/မှော်ဘီ တစ်ပြည်လျှင် ကျပ်(၃၅၀၀)၊ ငစိန်/ ရိုးနီတစ်ပြည်လျှင် ကျပ် (၄၈၀၀)၊ ပဲဆီ တစ်ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ စားအုန်းဆီ တစ်ပိဿာလျှင် ကျပ်(၅၁၀၀)၊ Meizan တစ်ပိဿာလျှင် ကျပ်(၈၀၀၀)၊ ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ်(၃၅၀၀)၊ ကြက်သွန်ဖြူ တစ်ပိဿာလျှင် ကျပ်(၈၅၀၀)၊ ကုလားပဲ တစ်ပိဿာလျှင် ကျပ်(၆၅၀၀)၊ အာလူး တစ်ပိဿာလျှင် ကျပ် (၂၈၀၀)၊ ဆား တစ်ပိဿာလျှင် ကျပ်(၅၀၀)၊ ငရုတ်သီးခြောက် တစ်ပိဿာလျှင် ကျပ်(၁၈၀၀၀)၊ ကြက်သား(CP)တစ်ပိဿာလျှင် ကျပ်(၈၀၀၀)၊ ဝက်သားတစ်ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ အမဲသား တစ်ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ ဆိတ်သား တစ်ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ငါးကြင်း တစ်ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် ကျပ်(၇၅၀၀)၊ အာဗြဲခြောက် တစ်ပိဿာလျှင် ကျပ်(၃၀၀၀၀)၊ ကြက်ဥ တစ်လုံးလျှင် ကျပ်(၂၅၀)၊ ဘဲဥ တစ်လုံးလျှင် ကျပ်(၃၅၀)ဈေးဖြင့် အသီးသီး ရောင်းချလျက်ရှိကြောင်း သိရပါသည်။

DOCA(မကွေး)