မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်တွင် ၂၀၂၃ခုနှစ်၊ (အောက်တိုဘာလ) အတွင်းအရောင်းအဝယ်ဖြစ်လျက်ရှိသော အိမ်သုံးဆေးဝါးများ၏ ဈေးနှုန်းများမှာ Decolgen (၁၀)လုံး ပါ(၁)ကတ်လျှင် ကျပ်(၁၈၀၀)၊ Civit အလုံး(၁၀၀)ပါ (၁)ဘူးလျှင် ကျပ်(၃၂၅၀)၊ Paracetamol (၁၀) လုံးပါ(၁)ကတ်လျှင် ကျပ်(၅၅၀၀)၊ Biogesic (၁၀)လုံးပါ(၁)ကတ်လျှင် ကျပ်(၁၂၀၀)၊ Amoxicillin (၁၀)လုံးပါ(၁)ကတ်လျှင် ကျပ်(၈၀၀)၊ Enervon-C (၄)လုံးပါ(၁)ကတ်လျှင် ကျပ်(၃၉၀၀)၊ Burmeton အလုံး(၁၀၀)ပါ(၁)ဘူးလျှင် ကျပ်(၂၅၀၀)၊ Cetirizine (၁၀)လုံးပါ(၁)ကတ်လျှင် ကျပ် (၃၀၀)၊ ဓာတ်ဆား MPF (၁)ထုပ်လျှင် ကျပ်(၄၀၀)၊ သီးစုံဓာတ်ဆား Royal-D (၁)ထုပ်လျှင် ကျပ် (၃၅၀)၊ Oramin-G (၅)လုံးပါ(၁)ကတ်လျှင် ကျပ်(၃၅၀၀)၊ Becozinc (၁၀)လုံးပါ(၁)ကတ်လျှင် ကျပ် (၄၅၀၀)၊ Vitahome (၁၀)လုံးပါ(၁)ကတ်လျှင် ကျပ်(၂၀၀၀)၊ SaRa(၁၀)လုံးပါ(၁)ကတ်လျှင် ကျပ် (၉၀၀)၊ Vitacee (၁၅)လုံးပါ(၁)ကတ်လျှင် ကျပ်(၄၅၀၀)၊ Flemex(၁၀)လုံးပါ(၁)ကတ်လျှင် ကျပ် (၃၄၀၀)၊ Solmux (၄)လုံးပါ (၁)ကတ်လျှင် (၁၃၀၀)၊ Woods (၁)ဘူးလျှင် ကျပ်(၉၀၀၀)၊ Alaxan (၁၀)လုံးပါ(၁)ကတ်လျှင်ကျပ်(၂၄၀၀)၊ Mixagrip (၄)လုံးပါ(၁)ကတ်လျှင်ကျပ်(၁၂၀၀)၊ Vitamin-C 100 mg (၁)လုံးလျှင် ကျပ်(၃၀၀)၊ Zinc (၁၀)လုံး ပါ တစ်ကတ်လျှင် ကျပ်(၇၀၀)၊ Zincovit (၁၀)လုံးပါတစ်ကတ်လျှင် ကျပ်(၆၃၀၀) ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါ သည်။
ယခင် (စက်တင်ဘာလ)နှင့် ဈေးနှုန်းနှိုင်းယှဉ်ချက်အရ ယခု(အောက်တိုဘာလ)အတွင်းတွင် ဆေးမျိုးစုံ Civit ၊ Enervon-C ၊ Vitacee နှင့် Paracetamol တို့မှာ ကျပ်(၁၀၀၀)၊ Oramin-G မှာ ကျပ်(၅၀၀)၊ Alaxan မှာ ကျပ်(၄၀၀)၊ Zinc မှာ ကျပ်(၂၀၀)၊ Mixagrip နှင့် Flemex တို့မှာ ကျပ်(၁၀၀) ဈေးနှုန်းများမြင့်တက်၍ ကျန်ဆေးဝါးများမှာဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဆေးနှင့် ဆေးပစ္စည်းရောင်းချသူများထံမှ သိရှိရပါသည်။
DOCA(မကွေး)