ဆိပ်ဖြူကြက်သွန်နီ အောက်တိုဘာလ (တတိယ)ပတ် ဈေးနှုန်းဈေးကွက်နှင့် စီးဆင်းမှုအခြေအနေ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့၊ ကြက်သွန်နီဈေးကွက်သို့ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(၁၇)ရက်မှ (၂၂)ရက်ထိ(တတိယ)ပတ်အတွင်း နေ့စဉ်ကုန်ချိန် ပိဿာ(၃)သောင်း ခန့်၊ (၁)ပတ်အတွင်း စုစုပေါင်း ပိဿာ(၂)သိန်းခန့် ကုန်စည်ဒိုင်တွင်ဝင်ရောက် အရောင်းအဝယ်ဖြစ်ပြီး ဆိပ်ဖြူမြို့မှ ကုန်စည်စီးဆင်းမှုမှာ (၁)ပတ်အတွင်း ပိဿာ(၃)သိန်းခန့် စီးဆင်းလျက်ရှိကြောင်း သိရှိရပါသည်။

    ယခု အောက်တိုဘာလ(တတိယ)ပတ်အတွင်း ကြက်သွန်နီ(၁)ပိဿာဈေးနှုန်းမှာ အမြင့်ဈေး ထိပ်စ(ရှယ်) ကျပ်(၂၄၅၀ မှ ၂၆၅၀)၊ အလတ်စ ကျပ်(၂၃၀၀ မှ ၂၅၀၀)၊ အနိမ့်ဈေး ကျပ်( ၁၆၀၀ မှ ၂၁၀၀) ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခင်တစ်ပတ်တွင် ကြက်သွန်နီ ထိပ်စ အမြင့်ဆုံးဈေးမှာ (၁)ပိဿာလျှင် ကျပ်(၂၇၅၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခု(၁)ပတ် တွင် ကြက်သွန်နီထိပ်စ အမြင့်ဆုံးဈေးမှာ (၁)ပိဿာလျှင် ကျပ်(၂၆၅၀)ဈေးဖြစ်၍ ကျပ်(၁၀၀) ဈေးနှုန်း ကျဆင်းပြီး၊ အလတ်စ ကျပ်(၅၀)နှင့် အသေးစ ကျပ်(၃၀၀)ဖြင့် ဈေးနှုန်းကျ၍ အရောင်းအဝယ်ဖြစ်ခဲ့ပါ သည်။

  ယခုအောက်တိုဘာလ(တတိယ)ပတ်တွင် ပြည်ပနိုင်ငံများသို့ တင်ပို့မှုနည်းပြီး ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်ဈေးကွက်သို့ ကုန်ချိန်အများဆုံးတင်ပို့လျက်ရှိကြောင်း သိရှိရပြီး ကြက်သွန်နီ စုစုပေါင်းပျမ်းမျှ ပိဿာ (၃)သိန်းခန့်၊ (၁၁၅၃၈)အိတ်၊ တန်ချိန်(၄၉၀)ခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း ဈေးကွက်မှ သိရှိရပါသည်။

DOCA(မကွေး)