ဆိပ်ဖြူမြို့နယ် ဒေသထွက် မြေပဲဆီ၊ မြေပဲဆန် ဈေးနှုန်းများ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၌ ဆီထွက်သီးနှံ(မိုးမြေပဲ)များကို နှစ်စဉ် စိုက်ဧက(၃၀၀၀)ခန့်၊ ဇွန်လနှင့် ဇူလိုင်လတွင် စိုက်ပျိုးပြီး စက်တင်ဘာလနှင့်အောက်တိုဘာလ များတွင် မြေပဲများ လှိုင်လှိုင်တူးဖော်လျက်ရှိသော်လည်း မြေပဲဈေးကွက်ကျဆင်း၍ အရောင်းအဝယ် အေးနေကြောင်း သိရှိရပါသည်။ ဆိပ်ဖြူမြို့နယ် ဒေသတွင်းထွက်ရှိသည့် မြေပဲများကို မြို့ပေါ်ရှိ ဆီစက်များမှ  အတောင့်(အခြောက်) တစ်ပြည်လျှင် ကျပ်(၃၀၀၀)၊ တစ်တင်းလျှင် ကျပ်(၂၄၀၀၀) ဖြင့် ဈေးနှုန်းပေါက်လျက်ရှိသည်။  မြေပဲဆန်(လုံးဆန်)တစ်ပြည်လျှင် ကျပ် (၇၀၀၀)၊ အဆန်တစ်ဘူးလျှင် ကျပ်(၉၀၀)၊ မြေပဲ(ဆီဆန်)တစ်ပြည်လျှင် ကျပ်(၅၅၀၀/ ၅၆၀၀)ဈေးနှုန်း ပေါက်လျက်ရှိပြီး ပဲဆီ(စက်) တစ်ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ ပဲအကျဆီ တစ်ပိဿာလျှင် ကျပ်(၁၁၀၀၀)ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိသည်။

     မြေပဲဆီများကို ဒေသတွင်းစားသုံးရန်သာမက ရန်ကုန်၊ နေပြည်တော်မြို့များသို့ တင်ပို့လျက်ရှိပြီး ပဲဖတ်များကိုလည်း ဆင်ဖြူကျွန်းမြို့သို့ တစ်ပိဿာလျှင် ကျပ်(၂၃၀၀)ဈေးနှုန်းဖြင့် အများဆုံး တင်ပို့ကြောင်း မြို့ပေါ်ရှိဆီစက်ပိုင်ရှင်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)