ယခင်အပတ်ထက် ဈေးအနည်းငယ်ပိုလာသည့် ရွှေဘိုမြေပဲလုံးဆံဈေး

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရာ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ၊ စတုတ္ထအပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် သီးနှံနှင့်ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့်ဆက်သွယ်မေးမြန်းခဲ့ပါသည်။ မြေပဲလုံးဆံ(နီ၊ ဖြူ)များမှာ စက်တင်ဘာလ၊ တတိယအပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ဝင်ရောက်ခဲ့ကြောင်း၊ အောက်တိုဘာလ၊ စတုတ္ထအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ မြေပဲလုံးဆံ(ဖြူ)တစ်တင်းလျှင် (၉၁၂၀ဝိ/-)ကျပ်ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ (၃၆၀၀)တင်း/(၈၂)တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ မြေပဲလုံးဆံ(ဖြူ)တစ်တင်းလျှင် (၈၈၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်ထက် မြေပဲလုံးဆံ(ဖြူ)တစ်တင်းလျှင် (၃၂၀ဝိ/-) ကျပ်ဈေးပိုခဲ့ကြောင်း၊  ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်နှစ်ကာလတူတွင် မြေပဲလုံးဆံ(ဖြူ) တစ်မျိုးတည်းသာအရောင်းအဝယ်ဖြစ်ခဲ့ပြီး တစ်တင်းလျှင် (၈၃၂၀ဝိ/-) ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုနှစ်တွင် ယခင်နှစ်ကာလတူထက် မြေပဲလုံးဆံ(ဖြူ)တစ်တင်းလျှင် (၈၀၀ဝိ/-) ကျပ်ဈေးပိုခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)