တောင်ငူမြို့တွင် ကြက်သွန်နီနှင့်အာလူး ဈေးအနည်းငယ်တက်

Powered by Drupal

   တောင်ငူမြို့တွင် အခြေခံစားသောက်ကုန်များဖြစ်သော မြေပဲဆီမှာ ၂၀၂၃ ခုနှစ် ၊ အောက်တိုဘာလ စတုတ္ထပတ်တွင် တစ်ပိဿာလျှင် ၁၇၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး စားအုန်းဆီမှာ တစ်ပိဿာလျှင် ၅၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။

     ကြက်သွန်နီမှာ ၂၀၂၃ ခုနှစ် ၊ အောက်တိုဘာလ တတိယပတ်တွင် တစ်ပိဿာလျှင် ၂၄၀၀ ကျပ်၊ အလတ် ၂၈၀၀ ကျပ်၊ အကြီး ၃၂၀၀ ကျပ်နှင့် တရုတ်ကြက်သွန်နီ ၃၅၀၀ ကျပ်ရှိရာမှ ယခုအောက်တိုဘာလ စတုတ္ထပတ်တွင် တစ်ပိဿာလျှင် အသေး ၃၀၀၀ ကျပ်၊ အလတ် ၃၂၀၀ ကျပ်၊ အကြီး ၃၅၀၀ ကျပ်နှင့် တရုတ်ကြက်သွန်နီ ၃၆၀၀ ကျပ်ဖြင့် ဈေးနှုန်း အနည်းငယ်တက်ပါသည်။

    ကြက်သွန်ဖြူမှာ ယခုအောက်တိုဘာလ စတုတ္ထပတ်တွင် တစ်ပိဿာလျှင် အသေး ၈၀၀၀ ကျပ်၊ အလတ် ၈၅၀၀ ကျပ်၊ အကြီး ၉၀၀၀ ကျပ်၊ တရုတ်ကြက်သွန်ဖြူ ၉၀၀၀ ကျပ်ဖြင့် ဈေးနှုန်း တည်ငြိမ်နေပါသည်။

    အာလူးမှာ ယခင် အောက်တိုဘာလ တတိယပတ်က တစ်ပိဿာလျှင် အသေး ၂၃၀၀ ကျပ် ၊ အလတ် ၂၆၀၀ ကျပ်၊ အကြီး ၃၀၀၀ ကျပ်၊ တရုတ်အာလူး ၃၀၀၀ ရှိရာမှ ယခု အောက်တိုဘာလ စတုတ္ထပတ်တွင် တစ်ပိဿာလျှင် အသေး ၂၈၀၀ ကျပ်၊ အလတ် ၃၀၀၀ ကျပ်၊ အကြီး ၃၅၀၀ ကျပ်၊ တရုတ်အာလူး ၃၅၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်တက်ပါသည်။

     ငရုတ်သီးခြောက် အပု/အရှည်မှာ ယခုအောက်တိုဘာလ စတုတ္ထပတ်တွင် တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်၊ ငရုတ်သီးခြောက် အပွမှာ တစ်ပိဿာလျှင် ၂၃၀၀၀ ကျပ်မှ ၂၅၀၀၀ ကျပ်၊ မြေပဲဆန်(အနီ)မှာ တစ်ပိဿာလျှင် ၈၂၀၀ ကျပ်၊ မြေပဲဆန်(အဖြူ)မှာ တစ်ပိဿာလျှင် ၇၆၀၀ ကျပ်၊ ကုလားပဲခြမ်းမှာ ယခင် အောက်တိုဘာလ တတိယပတ်က တစ်ပိဿာလျှင် ၆၃၀၀ ကျပ် ရှိရာ မှ ယခုအောက်တိုဘာလ စတုတ္ထပတ်တွင် တစ်ပိဿာလျှင် ၆၀၀၀ ကျပ်ဖြင့် ဈေးနှုန်း တည်ငြိမ် နေကြောင်း သိရပါသည်။

DOCA(ပဲခူး)