ရွှေဘိုမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

Powered by Drupal

    ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည်လျှင် ၅၂၀၀ကျပ်၊ ဧရာမင်းဆန်တစ်ပြည်လျှင် ၅၇၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်နီလက်လီဈေးမှာ (ကြီး) တစ်ပိဿာလျှင် ၃၃၀၀ကျပ်၊ (လတ်) တစ်ပိဿာလျှင် ၃၀၀၀ကျပ်၊ (သေး)တစ်ပိဿာလျှင် ၂၇၀၀ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ)တစ်ပိဿာလျှင် ၁၁၀၀၀ကျပ်မှ ၁၃၀၀၀ကျပ်ထိ၊ ရှမ်းကြက်သွန်ဖြူတစ်ပိဿာလျှင် ၉၀၀၀ကျပ်မှ ၁၀၀၀၀ကျပ်ထိ၊ (ကြူကုပ်) တစ်ပိဿာလျှင် ၉၀၀၀ကျပ်မှ ၁၀၀၀၀ကျပ်ထိ၊ ချင်းတစ်ပိဿာလျှင် ၆၀၀၀ကျပ်၊ ငရုတ်သီးခြောက်တစ်ပိဿာလျှင် အမျိုးအစားအလိုက် ၁၇၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်ထိ၊ အာလူးတစ်ပိဿာလျှင် ၂၈၀၀ကျပ်မှ ၃၆၀၀ကျပ်ထိ၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ၁၈၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေပါသည်။

     ကြက်ဥ လက်လီဈေးနှုန်းမှာ (ကြီး)တစ်လုံးလျှင် ၃၀၀ကျပ်၊ (သေး) တစ်လုံးလျှင် ၂၅၀ကျပ်၊ ဘဲဥ (ကြီး) တစ်လုံးလျှင် (၃၅၀)ကျပ်၊ (သေး)တစ်လုံးလျှင် (၃၀၀)ကျပ်ရှိသည်။ ရွှေဘိုမြို့၏ အသားငါးဈေးနှုန်းများမှာ ကြက်သား(CP)  တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်မှ ၁၂၀၀၀ကျပ်ထိ၊ ကြက်သား (ဗမာ)တစ်ပိဿာလျှင် ၁၃၀၀၀ကျပ်မှ ၁၅၀၀၀ကျပ်ထိ၊  ဝက်သားတစ်ပိဿာလျှင် ၂၀၀၀၀ကျပ်မှ ၂၂၀၀၀ကျပ်ထိ၊ အမဲသားတစ်ပိဿာလျှင် ၁၄၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်ထိ၊  ငါးမြစ်ချင်းတစ်ပိဿာလျှင် ၇၅၀၀ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် ၇၀၀၀ကျပ်ဖြင့် ရောင်းဝယ်နေကြောင်းသိရသည်။

      စားသုံးဆီဈေးနှုန်းများမှာ ပဲဆီသန့်တစ်ပိဿာလျှင် ၁၃၀၀၀ကျပ်၊  စားအုန်းဆီတစ်ပိဿာလျှင် ၅၀၀၀ကျပ်နှင့် နှမ်းဆီတစ်ပိဿာလျှင် ၁၃၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။

DOCA(စစ်ကိုင်း)