ကသာမြို့တွင်ဖြစ်ပေါ်လျက်ရှိသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ

Powered by Drupal

      ကသာမြို့နယ်အတွင်း ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ၊ နောက်ဆုံးပတ်တွင် ဈေးကွက်အသီးသီး၌ ရောင်းချလျက်ရှိသောဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် (၁၅၅၀၀၀)ကျပ်၊ ဧရာမင်း ဆန်တစ်အိတ်လျှင် (၁၂၀၀၀၀)ကျပ်၊ ဧည့်မထ (ဆင်း-၃)တစ်အိတ်လျှင် (၉၀၀၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိပြီး စားသုံးဆီဈေးနှုန်းမှာ မြေပဲဆီတစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်ရှိကြောင်းသိရသည်။ ဆန်ဈေးနှင့် စားသုံးဆီဈေးနှုန်းများကို အောက်တိုဘာလ တတိယပတ်ရှိဈေးနှုန်းများနှင့်နှိုင်းယှဉ်ကြည့်ပါက ဈေးနှုန်းအပြောင်းအလဲမရှိဘဲ တည်ငြိမ်လျက်ရှိကြောင်းသိရပါသည်။

    စားဖိုဆောင်သီးနှံ လက်လီဈေးနှုန်းများမှာ ကြက်သွန်နီ(အသစ်) တစ်ပိဿာလျှင် အလုံး(အသေး/ အကြီး)ပေါ်မူတည်၍ တစ်ပိဿာလျှင် (၃၇၀၀မှ ၄၀၀၀)ကျပ်၊ ကြက်သွန်ဖြူ(ရှမ်း) တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ အာလူးတစ်ပိဿာလျှင် (၂၈၀၀)ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် (၂၈၀၀/၃၀၀၀)ကျပ်၊ ချင်းတစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ကုလားပဲတစ်ပိဿာလျှင် (၇၂၀၀)ကျပ်၊ ပဲနီလေးတစ်ပိဿာလျှင် (၆၈၀၀)ကျပ်၊ ငရုတ်ခြောက်(ပု) တစ်ပိဿာလျှင် (၂၇၀၀၀)ကျပ်၊ ငရုတ်(စို) တစ်ပိဿာလျှင် (၅၀၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိသည်။

  အသားငါးဈေးနှုန်းများမှာ ကြက်သား(CP) တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၂၂၀၀၀) ကျပ်၊ အမဲသားတစ်ပိဿာလျှင်(၁၆၀၀၀)ကျပ်နှင့် ငါးကြင်းတစ်ပိဿာလျှင် (၉၀၀၀) ကျပ်၊ ကြက်ဥတစ်လုံးလျှင် (အသေး/အကြီး)ပေါ်မူတည်၍ (၂၆၀/၂၈၀/၃၀၀)ကျပ်နှင့် ဘဲဥတစ်လုံးလျှင် (၃၅၀)ကျပ်ဖြင့်ရောင်းချလျက်ရှိသည်။ အခြေခံစားသောက်ကုန်ဈေးနှုန်းများကို အောက်တိုဘာလ တတိယပတ်နှင့်နှိုင်းယှဉ်ကြည့်ပါက ကြက်သွန်နီဈေးနှုန်းမှာ ကျပ်(၂၀၀/၄၀၀)ခန့်၊ ကုလားပဲဈေးနှုန်းမှာ ကျပ်(၄၀၀)ခန့်ကျဆင်းလာပြီး ကြက်သားဈေးနှုန်းမှာ ကျပ်(၂၀၀၀)ခန့် မြှင့်တက်လာကာ  ကျန်အသားငါးနှင့် စားဖိုဆောင်သီးနှံဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)