တောင်ငူဒေသထွက် ဘူးသီးများ ဈေးကောင်းရနေ

Powered by Drupal

    တောင်ငူဒေသပတ်ဝန်းကျင်ရှိ ကျေးရွာများတွင် ဟင်းသီးဟင်းရွက်များကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသူများပေါများပါသည်။ မိမိတို့စိုက်ခင်းများမှထွက်ရှိသော ဟင်းသီးဟင်းရွက်တို့ကို တောင်ငူမြို့ရှိ ဘုရင့်နောင်ဈေးနှင့် ညောင်ပင်ဈေးများသို့ ကိုယ်တိုင်ရောင်းချ၍သော်လည်းကောင်း တစ်ဆင့်ပြန်လည်ရောင်းချသူများအား ဖောက်သည်ပေး၍သော်လည်းကောင်း ရောင်းချကြပါသည်။

      အဓိကအားဖြင့် စစ်တောင်းမြစ်ကမ်းနံဘေးတစ်လျှောက်ရှိ ကျေးရွာများမှ ဟင်းသီးဟင်းရွက်များကို အဓိကစိုက်ပျိုးကြပါသည်။ တောင်ငူမြို့၊ အရှေ့ဘက်ကျေးရွာများမှထွက်သော ဘူးသီးများမှာ ဈေးကောင်းရလျက်ရှိပါသည်။  ၂၀၂၃ခုနှစ်၊ စက်တင်ဘာလတွင် ၃၀၀ကျပ်၊ ၄၀၀ကျပ်တန်ဘူးသီးများမှာ ယခုအောက်တိုဘာလတွင် တစ်လုံးလျှင် ၈၀၀ကျပ်၊ ယခင်စက်တင်ဘာလတွင် တစ်လုံးလျှင် ၇၀၀ကျပ်၊ ၈၀၀ကျပ်တန်ဘူးသီးများမှာ ယခုအောက်တိုဘာလတွင် တစ်လုံးလျှင် ၁၀၀၀ကျပ်၊ ၁၅၀၀ကျပ်အထိ ဈေးကောင်းရလျက်ရှိပါသည်။

   ယခုအချိန်ခါသည် ဘူးသီးပေါ်သောရာသီမဟုတ်သောကြောင့် ဘူးသီးရှားပါး၍ ဈေးကောင်းရခြင်းဖြစ်ပြီး ဆောင်းရာသီသို့ရောက်ရှိပါက ဘူးသီးများပေါများ၍ ဈေးနှုန်းကျဆင်းနိုင်ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)