တောင်ငူမြို့နယ် ငါးဖယ်အင်းကျေးရွာအုပ်စုတွင် မိုးစပါးများရိတ်သိမ်း

Powered by Drupal

          တောင်ငူမြို့နယ် ငါးဖယ်အင်းကျေးရွာအုပ်စုတွင် တောင်သူလယ်သမားများ မိုးစပါးများ ကို ရိတ်သိမ်းနေပြီဖြစ်ပါသည်။ ဗျော့ထွန်းစပါးနှင့် နှံကောက်စပါးများကို စိုက်ပျိုးကြပါသည်။ စပါး ရိတ်သိမ်းချွေလှေ့ခမှာ ယခင်နှစ်က တစ်ဧကလျှင် ၈၀၀၀၀ ကျပ်ရှိခဲ့ရာမှ ယခုနှစ်တွင် ရိတ်သိမ်း ချွေလှေ့ခ တစ်ဧကလျှင် ၁၂၀၀၀၀ ကျပ် ရှိပါသည်။

              စပါးများကို စပါးပွဲစားများက လယ်ကွင်းထဲအရောက်လာယူကြရာ ဈေးနှုန်းအနေဖြင့် ဗျော့ထွန်းစပါး တင်း ၁၀၀ လျှင် ၁၇၀၀၀၀၀ ကျပ်နှင့် နှံကောက်စပါး တင်း ၁၀၀ လျှင် ၁၅၈၀၀၀၀ ကျပ် ရှိပါသည်။

          ယခင်နှစ်များတွင် အချို့တောင်သူများက စက်ရုံများသို့ အရောက်တင်ပို့၍ ရောင်းချကြ သော်လည်း ယခုနှစ်တွင် စပါးရိတ်သိမ်းချိန်အထိ မိုးများရွာသွန်းနေသဖြင့် စပါးများ ပျက်စီးဆုံးရှုံးမှု မရှိစေရေးကို ဂရုပြုရသဖြင့် တောင်သူများအနေဖြင့် လယ်ကွင်းထဲအရောက် လာရောက်ရောင်းချ သည့် ပွဲစားများသို့ ရောင်းချကြကြောင်း သိရပါသည်။

DOCA(ပဲခူး)