တောင်ငူမြို့သို့ ယိုးဒယားစပျစ်သီးများဝင်ရောက်လာ

Powered by Drupal

          တောင်ငူမြို့သို့ ယိုးဒယားစပျစ်သီးများ မြဝတီဘက်မှ တစ်ဆင့် အများဆုံးဝင်ရောက်လာ ပါသည်။ တစ်ပိဿာလျှင် ၁၆၀၀၀ ကျပ်ဖြင့် ရောင်းချလျှက်ရှိပြီး လူကြိုက်များ၍ ရောင်းအား ကောင်းကြောင်း သိရပါသည်။

            အချိုပွဲအဖြစ် စားသုံးပြီး လက်ဆောင်ပေးလျှင်လည်း သင့်တော်သည့် အသီးတစ်မျိုးဖြစ် ပါသည်။ ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပါသည်။

       စပျစ်သီးအစေ့သည် ဆီးချိုရောဂါကြောင့်ဖြစ်သော အမြင်အာရုံပြဿနာကို ကာကွယ် ပေးပါသည်။ စပျစ်ဝိုင်ကြိုက်သူများအတွက် အရောင်ရင့်ရင့်ကို ရွေးချယ်သောက်သုံးခြင်းဖြင့် သွေးကျဲစေနိုင်ကြောင်း၊ အမျိုးသမီးများ အသက်အရွယ်ကြီးရင့်လာလျှင် စပျစ်ဝိုင်ကို သောက်သုံးသင့်ကြောင်း သိရပါသည်။

DOCA(ပဲခူး)