တောင်ငူမြို့တွင် စက်သုံးဆီဈေးအနည်းငယ်တက်

Powered by Drupal

      ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် ၂၀၂၃ ခုနှစ် ၊ အောက်တိုဘာ တတိယအပတ်က 92 RON တစ်လီတာလျှင် ၂၀၅၀ ကျပ်၊ 95 RON တစ်လီတာလျှင် ၂၁၅၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၂၉၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၄၁၀ ကျပ်ရှိပါသည်။

          ယခုအောက်တိုဘာ စတုတ္ထပတ်တွင် တောင်ငူမြို့ New Day စက်သုံးဆီဆိုင်၌ 92 RON တစ်လီတာလျှင် ၂၁၀၅ ကျပ်၊ 95 RON တစ်လီတာလျှင် ၂၂၀၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၃၄၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၄၆၅ ကျပ်ရှိပါသည်။

        အုတ်တွင်းမြို့ Petro K စက်သုံးဆီအရောင်းဆိုင်တွင်  92 RON တစ်လီတာလျှင် ၂၁၀၅ ကျပ်၊ 95 RON တစ်လီတာလျှင် ၂၁၉၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၃၄၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၄၆၀ ကျပ်ရှိပါသည်။

           ရေတာရှည်မြို့ အောင်မေတ္တာ စက်သုံးဆီအရောင်းဆိုင်တွင်  92 RON တစ်လီတာလျှင် ၂၁၁၀ ကျပ်၊ 95 RON တစ်လီတာလျှင် ၂၂၀၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၃၅၀ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၄၆၅ ကျပ် ရှိပါသည်။

            သို့ဖြစ်၍ အောက်တိုဘာ စတုတ္ထပတ်တွင် စက်သုံးဆီဈေးနှုန်းမှာ တစ်လီတာလျှင် ၅၀ ကျပ်မှ ၅၅ ကျပ် အထိ အနည်းငယ်တက်ကြောင်း သိရပါသည်။

DOCA(ပဲခူး)