တောင်ငူမြို့ရှိ ကြက်ဥ၊ ဘဲဥ ဈေးနှုန်း အခြေအနေ

Powered by Drupal

        တောင်ငူမြို့၊ MK ကြက်ဥ၊ ဘဲဥ  အရောင်းဆိုင်များတွင် ယခုအောက်တိုဘာ စတုတ္ထ ပတ်တွင် ကြက်ဥ တစ်လုံးလျှင် အသေး ၂၅၀ ကျပ်၊ အလတ် ၂၆၀ ကျပ်နှင့် အကြီး ၂၈၀ ကျပ် ဖြင့် ရောင်းချလျှက်ရှိပါသည်။

         ဘဲဥမှာ အောက်တိုဘာ တတိယအပတ်က တစ်လုံးလျှင် အသေး ၃၀၀ ကျပ်၊ အလတ် ၃၃၀ ကျပ်နှင့် အကြီး ၃၅၀ ကျပ် ရှိပါသည်။

         ချက်ပြုတ်စရာမလိုဘဲ အသင့်စားသုံးနိုင်သည့် ဆေးဘဲဥမှာ တစ်လုံးလျှင် ၄၅၀ ကျပ်ရှိပါ သည်။

          ကြက်ဥ၊ ဘဲဥမှာ ချက်ပြုတ်ရလွယ်ကူသဖြင့် စားသုံးသူများပြား၍ အရောင်းအဝယ် ကောင်းကြောင်း သိရပါသည်။

DOCA(ပဲခူး)