ဖြူးမြို့ရှိ တစ်နိုင်တစ်ပိုင်ထုတ်လုပ်ရောင်းချသော သီးစုံအချိုရည်လုပ်ငန်း

Powered by Drupal

     တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ဖြူးမြို့၊ မြို့မအရှေ့ရပ်ကွက်၊ ၄လမ်းရှိ ဒေါ်စန်းစန်းနေအိမ်တွင် မိသားစုတစ်နိုင်တစ်ပိုင်ထုတ်လုပ်လျက်ရှိသော သီးစုံအချိုရည်နှင့် ဂျယ်လီဘူးများမှာ ရောင်းအာကောင်းလျက်ရှိပါသည်။

     ကုန်ကြမ်းပစ္စည်းများကို ရန်ကုန်မြို့မှ မှာယူပါသည်။ ဂျယ်လီပြုလုပ်ရာတွင်လိုအပ်သော ပါဝင်ပစ္စည်းများမှာ ရေသန့်၊ သကြား၊ ဂျယ်လီမှုန့်၊ ခဲဆေး (FDA ခွင့်ပြုပစ္စည်း)၊ အချဉ်မှုန့်၊ ကာလစုံအနံ့နှင့် အရောင် (FDA ခွင့်ပြုပစ္စည်း)များဖြစ်ပြီး ပါကင်ဘူးများကိုအသုံးပြုပါသည်။

     သီးစုံအချိုရည် ၆ဘူးပါ တစ်ကတ်လျှင် လက်ကားဈေးနှုန်း ၁၀၀၀ကျပ်၊ ဂျယ်လီဘူး ၁၀ဘူးပါ တစ်ကတ်လျှင် လက်ကားဈေးနှုန်း ၈၅၀ကျပ်ဖြင့် ဖြူးမြို့မဈေး၊ ဇေယျဝတီဈေး၊ ညောင်ပင်သာဈေးနှင့် ကညွတ်ကွင်းဈေးများသို့ ဖြန့်ဖြူးရောင်းချကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)