မိတ္ထီလာခရိုင် လယ်ယာလုပ်သားခများ ဈေးမြင့်လာ

Powered by Drupal

        မိတ္ထီလာခရိုင်အတွင်း လယ်ယာထွက်ကုန်သီးနှံများအနက် ပဲ၊ ပြောင်း၊ ဆီထွက်သီးနှံ၊ ဝါတို့ကို အများဆုံးစိုက်ပျိုးပြီး စိုက်ပျိုးထုတ်လုပ်ရသည့် လုပ်သားခစရိတ်များမြင့်တက်လျက်ရှိကြောင်း သိရသည်။ ယခင်နှစ်က သီးနှံစိုက်ပျိုးရာတွင် နေ့စားလုပ်သားခမှာ ၅၀၀၀ ကျပ်မှ ယခုနှစ် ၆၀၀၀ ကျပ်သို့လည်းကောင်း၊ ပြောင်းရိတ်သိမ်းခြင်းနှမ်းခြွေလှေ့ခြင်းတို့တွင် တစ်ရက် ၆၀၀၀ ကျပ်မှ ၇၀၀၀ ကျပ်သို့ လည်းကောင်း မြင့်တက်လာပါသည်။ အလားတူ ဝါသီးနှံတွင်လည်း ယခင်နှစ်က ဆေးဖြန်းခ တစ်ရက် ၇၀၀၀ ကျပ်မှ ၈၀၀၀ ကျပ်သို့လည်းကောင်း၊ ဝါကောက်သိမ်းခမှာ လက်တစ်လော သီးနှံပေါ်စဖြစ်၍ နေ့စားဖြင့် ကောက်သိမ်းနေသော်လည်း သီးနှံလှိုင်ချိန်တွင် ယခင်နှစ်ကထက် တစ်ပိဿာလျှင် ၃၀၀ ကျပ်မှ ၄၀၀ ကျပ်သို့ မြင့်တက်လာမည်ဖြစ်ပါကြောင်း လုပ်သားရှားပါးခြင်း၊ စားသောက်ကုန်ဈေးနှုန်းများမြင့်တက်လာခြင်းအပေါ်၌လည်း လုပ်သားများမှ အရေးဆိုတောင်းခံ ခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရသည်။

DOCA(မန္တလေး)