တောင်ငူဒေသထွက်ငါးများ ဈေးနှုန်းကျ

Powered by Drupal

   တောင်ငူမြို့၊ အနီးပတ်ဝန်းကျင်ရှိ  ကျေးလက်ဒေသများမှ ချောင်း၊ မြောင်းနှင့် လယ်ကြားမှဖမ်းယူရရှိသော ဒေသထွက်ငါးများကို အများအားဖြင့် ဈေးဝယ်သူများစည်ကားသော တောင်ငူမြို့ပေါ်ရှိ ဈေးများဖြစ်သည့် ညောင်ပင်ဈေး၊ ဘုရင့်နောင်ဈေးများ၊ ရွှေဆံတော်ဘုရားဈေးများတွင် ဒေသခံများက လာရောက်ရောင်းချလျက်ရှိပါသည်။

     ၂၀၂၃ခုနှစ်၊ စက်တင်ဘာလတွင် ဒေသပေါ်ငါးများဖြစ်သော ငါးသလဲထိုး၊ ငါးစရစ်များမှာ တစ်ပိဿာလျှင် ၃၅၀၀၀ကျပ်ဈေးရှိခဲ့ရာ ယခုအောက်တိုဘာလတွင် တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်အထိ၊ ငါးနုဆန်းမှာ ယခင်စက်တင်ဘာလတွင် တစ်ပိဿာလျှင် ၂၅၀၀၀ကျပ်ဈေးမှ ယခုအောက်တိုဘာလတွင် ၁၈၀၀၀ကျပ်မှ ၁၇၀၀၀ကျပ်အထိ၊ ငါးဘတ်မှာ ယခင်စက်တင်ဘာလတွင် တစ်ပိဿာလျှင် ၂၅၀၀၀ကျပ်မှ ယခုအောက်တိုဘာလတွင် ၂၀၀၀၀ ကျပ်အထိ ဈေးနှုန်းကျဆင်းသွားပါသည်။

     ယခုအခါ မိုးရာသီကုန်ဆုံးပြီဖြစ်၍ ဒေသငါးများပေါများစွာပေါ်နေပြီဖြစ်ရာ ဒေသငါးမှတစ်ဆင့်ထုတ်လုပ်သည့် ငါးခြောက်များကိုလည်း မကြာမီစားသုံးနိုင်တော့မည်ဖြစ်ကြောင်း တောင်ငူမြို့မှသိရှိရပါသည်။

DOCA(ပဲခူး)