ဘုရင့်နောင်ကုန်စည်ဒိုင်တွင်ဖြစ်ပေါ်ခဲ့သော အခြေခံစားသောက်ကုန်ဈေးနှုန်းများ

Powered by Drupal

     ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင်၌ (၁၉-၁၀-၂၀၂၃) ရက်နေ့မှ (၂၅-၁၀-၂၀၂၃) ရက်နေ့အတွင်း ဖြစ်ပေါ်ခဲ့သောအခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ကြက်သွန်ဖြူ(ကြူကုတ်-ရှယ်) ၁ပိဿာလျှင် အမြင့်ဈေး ၇၅၀၀/-ကျပ်မှ အနိမ့်ဈေး ၇၄၀၀/-ကျပ်ဖြင့်လည်းကောင်း၊ ပဲကြီး(ကုန်း) ၁ပိဿာလျှင် ၅၃၉၀/-ကျပ်မှ ၅၅၇၀/-ကျပ်အထိလည်းကောင်း၊ ပဲကြီး(ရွှေကျွန်း) ၁ပိဿာလျှင် ၅၆၆၀/-ကျပ်မှ ၅၈၄၅/-ကျပ်အထိလည်းကောင်း၊ ကုလားပဲခြမ်း ၁ပိဿာလျှင် ၅၈၅၀/-ကျပ်မှ ၆၁၀၀/-ကျပ်အထိလည်းကောင်း၊ ငရုတ်သီး (ဆင်ဖြူကျွန်း-ပု) ၁ပိဿာလျှင် ၁၄၀၀၀/-ကျပ်မှ ၁၆၀၀၀/-ကျပ်အထိလည်းကောင်း၊ ငရုတ်သီး (အိမ်မဲ-ရှည်) ၁ပိဿာလျှင် ၆၀၀၀/-ကျပ်မှ ၇၀၀၀/-ကျပ်အထိလည်းကောင်း၊ မန်ကျည်းသီး (ကပ်ပွင့်) ၁ပိဿာလျှင် ၁၁၅၀/-ကျပ်မှ ၁၂၅၀/-ကျပ်အထိ လည်းကောင်း၊ မန်ကျည်းသီး (အသား) ၁ပိဿာလျှင် ၁၉၀၀/-ကျပ်မှ ၂၅၀၀/-ကျပ်အထိလည်းကောင်း၊ ကြံသကာ (အိတ်သွတ်စ) ၁ပိဿာလျှင် ၃၁၀၀/-ကျပ်မှ ၃၂၀၀/-ကျပ်အထိလည်းကောင်း၊ ကြံသကာ (သစ်) ၁ပိဿာလျှင် ၄၀၀၀/-ကျပ်ဖြင့်လည်းကောင်း၊ သကြား (ပြည်တွင်း) ၁ပိဿာလျှင် ၃၇၅၀/-ကျပ်မှ ၃၇၇၀/-ကျပ်အထိလည်းကောင်း၊ ထန်းလျက် (တောင်သာ) ၁ပိဿာလျှင် ၃၅၅၀/-ကျပ်မှ ၃၈၀၀/-ကျပ်အထိလည်းကောင်း၊ ထန်းလျက် (ညောင်ဦး) ၁ပိဿာလျှင် ၄၀၀၀/-ကျပ်မှ ၄၂၀၀/-ကျပ်အထိလည်းကောင်း၊ အာလူး (တရုတ်) ၁ပိဿာလျှင် ၁၇၀၀/-ကျပ်မှ ၁၈၀၀/-ကျပ်အထိလည်းကောင်း၊ ကြက်သွန်နီ (ဆိပ်ဖြူ) ၁ပိဿာလျှင် ၁၈၀၀/-ကျပ်မှ ၃၃၀၀/-ကျပ်အထိလည်းကောင်း အသီးသီးဖြစ်ပေါ်ခဲ့ပြီး ပဲကြီးနှင့် ထန်းလျက်(တောင်သာ) မှာ ဈေးတက်၍  ကြက်သွန်ဖြူ(ကြူကုတ်)နှင့် အာလူး(တရုတ်) ဈေးနှုန်းများအနည်းငယ်ကျဆင်းလျက်ရှိပြီး အခြားအခြေခံစားသောက်ကုန်များမှာ ဈေးနှုန်းအနည်းငယ်သာ အတက်အကျဖြစ်လျက်ရှိကြောင်းတွေ့ရှိရပါသည်။

DOCA(ရန်ကုန်)