ကရင်ပြည်နယ်တွင် မိုးစပါးများ စတင်ထွက်ပေါ်လျက်ရှိ

Powered by Drupal

    ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်တွင် မိုးစပါး ၂၃၈၆၈၈ ဧက စိုက်ပျိုးပြီး ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်း  ၃၂၃ ဧက ရိတ်သိမ်းပြီးဖြစ်ကြောင်း၊ သံတောင်ကြီးခရိုင်၊ သံတောင်ကြီး မြို့နယ်တွင်  ၆၂၄၈ ဧက စိုက်ပျိုးပြီး ၆၇၄ ဧက ရိတ်သိမ်းပြီးဖြစ်ကြောင်း၊ ဖာပွန်ခရိုင် ဖာပွန်မြို့နယ်တွင် စိုက်ဧက ၁၃၈၉၂ ဧကတွင် ၇၂၃ ဧက ရိတ်သိမ်းပြီး ဖြစ်ကြောင်း၊ ဘားအံခရိုင်တွင် တစ်ဧကအထွက်နှုန်းအနေဖြင့် စပါးတင်း (၇၀)ခန့် ထွက်ရှိကြောင်းသိရပြီး ဈေးနှုန်းအနေဖြင့် မိုးစပါး (အသစ်) (၄၆ပေါင်) တင်း ၁၀၀ လျှင် အစိုဓါတ် ၂၀% တွင် ၁၅၇၀၀၀၀ ကျပ်ဈေးဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပြီး ဆန်သစ်တစ်အိတ်လျှင် ၆၃၀၀၀ ကျပ်ဈေးဖြင့် ဈေးဖွင့်ရောင်းဝယ်လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)