သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

Powered by Drupal

      ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ သီရိမင်္ဂလာဈေးတွင် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ( ၁၈ ) ရက်နေ့မှ အောက်တိုဘာလ (၂၄) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ဝမ်းတွင်းမှ ဖရဲသီး (855) အလုံးကြီးတစ်လုံးလျှင် ကျပ်၃၅၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၃၀၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၂၅၀၀၊ ဝမ်းတွင်းမှ ဖရဲသီး (211) အလုံးကြီးတစ်လုံးလျှင် ကျပ်၂၅၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၂၀၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၁၅၀၀၊ မော်လမြိုင်မှ ကျွဲကောသီးအလုံးကြီးတစ်လုံးလျှင် ကျပ်၃၀၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၁၀၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၅၀၀၊ တိုက်ကြီး၊ ပုပ္ပါးမှ မာလကာသီးအလုံးကြီးတစ်လုံးလျှင် ကျပ်၆၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၃၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၂၀၀၊ ပြင်ဦးလွင်မှ နဂါးမောက်သီးအလုံးကြီး ၁၈လုံးပါ တစ်ဖာလျှင် ကျပ်၁၈၀၀၀၊ ပြင်ဦးလွင်မှ နဂါးမောက်သီးအလုံးကြီး ၂၄လုံးပါ တစ်ဖာလျှင် ကျပ်၁၅၀၀၀၊ ပြင်ဦးလွင်မှ နဂါးမောက်သီးအလုံးကြီး  ၃၀လုံးပါ တစ်ဖာလျှင် ကျပ်၁၀၀၀၀၊ ပြည်မှ ဩဇာသီးအလုံးကြီး ၃၀လုံးပါ တစ်သေတ္တာလျှင် ကျပ်၃၀၀၀၊ အောင်ပန်းမှ ထောပတ်သီးအလုံးကြီး ၄၅လုံးပါ တစ်သေတ္တာလျှင် ကျပ်၁၈၀၀၀၊ တိုက်ကြီးမှ ပီလောပီနံအလုံးကြီးတစ်ပိဿာလျှင် ကျပ်၁၀၀၀၊ အောင်ပန်းမှ လိမ္မော်သီးအလုံးကြီးတစ်လုံးလျှင် ကျပ်၅၀၀၊ ပြင်ဦးလွင်မှ ဘောက်သီးအလုံးကြီး တစ်ပိဿာလျှင် ကျပ်၇၀၀၀၊ မန္တလေးမှ သင်္ဘောသီးအလုံးကြီးတစ်လုံးလျှင် ကျပ်၂၀၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၁၀၀၀၊ ရှမ်းပြည်(မြောက်ပိုင်း) မှ ပန်းသီးအလုံးကြီးစက္ကူပုံးတစ်ပုံးလျှင် ကျပ်၃၅၀၀၀၊ အလုံးသေးစက္ကူပုံးတစ်ပုံးလျှင် ကျပ်၃၀၀၀၀၊ ဘိုကလေးမှ ငှက်ပျောသီး (ဖီးကြမ်း) အလုံးကြီးတစ်ဖီးလျှင် ကျပ်၂၅၀၀၊ အလုံးသေးတစ်ဖီးလျှင် ကျပ်၁၀၀၀၊ ကျောက်ဆည်၊ ပြည်မှ ရွှေငှက်ပျောသီးအလုံးကြီး (၁) ဖီးလျှင် ကျပ်၆၀၀၀၊ အလုံးသေး (၁) ဖီးလျှင် ကျပ်၄၀၀၀၊ တောင်ငူ၊ ကျောက်ဆည်မှ တောင်ငူငှက်ပျောသီးအလုံးကြီး (၁) ဖီးလျှင် ကျပ်၆၀၀၀၊ အလုံးသေး(၁) ဖီးလျှင်  ကျပ်၄၀၀၀ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) မှသိရှိရပါသည်။

DOCA(ရန်ကုန်)