တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

Powered by Drupal

     အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(၁၈)ရက်နေ့မှ အောက်တိုဘာလ(၂၄)ရက်နေ့အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက်ရောင်းချနေကြောင်းသိရှိရပါသည်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ် (တစ်ပိဿာ)လျှင် ကျပ် (၁၄၀၀မှ ၁၈၀၀) အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)လျှင် ကျပ် (၅၀၀မှ ၁၀၀၀) အတွင်း၊ ပန်းဂေါ်ဖီ(တစ်ထုပ်)လျှင် ကျပ် (၁၀၀၀မှ ၂၀၀၀) အတွင်း၊ အာလူး(တစ်ပိဿာ)လျှင် ကျပ် (၂၂၀၀မှ ၂၅၀၀) အတွင်း၊ မုန့်လာဥနီ(တစ်ပိဿာ)လျှင် ကျပ် (၃၀၀၀မှ ၃၅၀၀) အတွင်း၊ ရွှေဖရုံသီး(တစ်လုံး)လျှင် ကျပ် (၁၀၀၀မှ ၄၅၀၀) အတွင်း၊ ဘူးသီး(တစ်လုံး)လျှင် ကျပ် (၁၂၀၀မှ ၃၅၀၀) အတွင်း၊ မုန်ညှင်း(ထုပ်)(တစ်ပိဿာ)လျှင် ကျပ် (၄၀၀၀မှ ၄၅၀၀) အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)တစ်ပိဿာလျှင် ကျပ် (၂၂၀၀မှ ၃၀၀၀) အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း) (တစ်ပိဿာ)လျှင် ကျပ် (၇၂၀၀မှ ၈၀၀၀) အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) (တစ်ပိဿာ) လျှင် ကျပ် (၇၈၀၀မှ ၇၉၀၀) အတွင်း၊ ချင်း(တစ်ပိဿာ)လျှင် ကျပ် (၄၅၀၀မှ ၅၅၀၀) အတွင်း၊ ဆလပ်ရွက် (တစ်စည်း) လျှင် ကျပ် (၃၀၀မှ ၄၀၀) အတွင်း၊ ချဉ်ပေါင်ရွက်(တစ်စည်း)လျှင် ကျပ် (၂၀၀မှ ၃၀၀) အတွင်း၊ ခရမ်းသီး  (ရှည်) (တစ်ပိဿာ) လျှင် ကျပ် (၁၂၀၀မှ ၂၀၀၀) အတွင်း၊ သံပရာသီး(တစ်လုံး)လျှင် ကျပ် (၈၀မှ ၁၂၀) အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) (တစ်ပိဿာ) လျှင် ကျပ် (၂၁၀၀မှ ၂၅၀၀) အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး) တစ်လုံးလျှင် ကျပ် (၁၅၀၀မှ ၆၃၀၀) အတွင်းဖြစ်ကြောင်းနှင့် တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပရာသီးအလုံးပေါင်း (၃၇၃၅၆၀)ကျော်၊ ခရမ်းသီး(ရှည်) (ပိဿာ) (၃၈၁၄၀)ကျော်၊ ဘူးသီးအလုံးပေါင်း (၃၃၃၅)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း(၈၉၆၅)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (၅၅၆၀၀)ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (၄၆၃၂၅)ကျော်၊ မုန်ညှင်းထုပ်(ပိဿာ) ပေါင်း (၉၄၉၀)ကျော်၊ ဖရဲသီးလုံးပေါင်း (၂၀၉၅၀)ကျော်  အသီးသီးကုန်အဝင်ရှိကြောင်းသိရပါသည်။

DOCA(ရန်ကုန်)