မုံရွာမြို့၌ အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် အပတ်စဉ် ရောင်းချပေး

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် တန်ဖိုးသင့်အခြေခံစားသောက်ကုန်များကို စိုက်ပျိုး/ မွေးမြူ/ ထုတ်လုပ်သူများက ဆန်၊ ဆီနှင့် ကြက်ဥ၊ ဒေသထွက် ဟင်းသီးဟင်းရွက်သီးနှံများကို ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ စတုတ္ထပတ် ၂၈ရက်နေ့တွင် မုံရွာမြို့၊ ပြည်ထောင်စုဈေး၌   နံနက် (၇:၀၀) နာရီအချိန်တွင် သက်သာသောဈေးနှုန်းဖြင့် အပတ်စဉ် ရောင်းချပေးလျက်ရှိပါသည်။

   ထိုသို့ရောင်းချခဲ့ရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမြတ်ကျော်၏ ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ စိုက်ပျိုး‌ရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနတို့သည် အခြေခံစားသောက်ကုန်ဈေးနှုန်းများကြီးမြင့်မှုမရှိစေရေးအတွက် ကိုယ်တိုင်စိုက်ပျိုး/ မွေးမြူ/ ထုတ်လုပ်သူများနှင့်ပူးပေါင်းကာ စားအုန်းဆီတစ်ပိဿာလျှင် ၅၂၀၀ကျပ်၊ ဝယ်ယူသည့်ပြည်သူများအဆင်ပြေစေရန် ကောင်တာ (၅) ခုခွဲ၍ ဆီ (၁၁၀၀) ပိဿာ၊ ဆန်တစ်ပြည်လျှင် ၂၈၀၀ကျပ်၊ ဆန်(၂၄)ပြည်ပါ အိတ်(၃၀)အိတ်၊  ကြက်ဥ (၄) လုံးပါ တစ်ထုပ်လျှင် ၁၀၀၀ကျပ်၊ ကြက်ဥ အလုံး(၃၀၀၀)၊ ကြက်သားတစ်ပိဿာလျှင် (၇၄၀၀)ကျပ်၊ (၃၀) ပိဿာနှင့် ကြာဇံများ၊ ခေါက်ဆွဲခြောက်များ၊ ကုလားပဲမှုန့်များ၊ ကိတ်စို/ကိတ်ခြောက်များနှင့် ဒေသထွက်ဟင်းသီးဟင်းရွက်သီးနှံများကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)