ကရင်ပြည်နယ်၌ မိုးမြေပဲများ ရိတ်သိမ်း တောင်သူများတွက်ခြေကိုက်လျက်ရှိ

Powered by Drupal

  ကရင်ပြည်နယ်သည် စပါး၊ ပဲ၊ ပြောင်းနှင့် ဆီထွက်သီးနှံများကို အဓိကထားစိုက်ပျိုးလျက်ရှိပြီး ဆီထွက်သီးနှံ မိုးမြေပဲကို ဘားအံမြို့နယ်တွင် (၁၄၂၇)ဧက၊  လှိုင်းဘွဲ့မြို့နယ်တွင် (၆၅၁)ဧက၊ သံတောင်ကြီးမြို့နယ်တွင် (၄၂၃)ဧက၊ ကော့ကရိတ်မြို့နယ်တွင်(၃၃၅)ဧက၊ ကြာအင်းဆိပ်ကြီး မြို့နယ်တွင် (၇၂၅)ဧက၊ မြဝတီမြို့နယ် တွင် (၁၁၉၆)ဧက၊ ဖာပွန်မြို့နယ်တွင် (၂၉)ဧက၊ စုစုပေါင်း ပြည်နယ်ချုပ် (၄၇၈၆)ဧကစိုက်ပျိုးကြောင်း သိရသည်။

       ကရင်ပြည်နယ်တွင် မိုးမြေပဲကို ဇွန်လတွင် စတင်စိုက်ပျိုးကြပြီး စိုက်ပျိုးရာ၌ မျိုးအနေဖြင့် (၁)ဧကလျှင် မြေပဲအတောင့်ကို စိုက်ပျိုးပါက(၆)တင်းခန့် ကုန်ကျကြောင်း၊ (၁)ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ ထွန်ယက်ခ၊ လုပ်သားခအပါအဝင် စုစုပေါင်း (၅၀၀၀၀၀)ကျပ်ခန့်ကုန်ကျပြီး (၁)ဧကလျှင် ပျမ်းမျှအထွက်နှုန်းအနေဖြင့် (၃၅)တင်းခန့်ထွက်ရှိပြီး တစ်တင်းပျမ်းမျှရောင်းဈေး ၂၈၀၀၀ ကျပ်ဖြစ် သောကြောင့်တစ်ဧက အကျိုးအမြတ်အနေဖြင့်    ၅ သိန်းကျပ်ဝန်းကျင်ခန့်ရရှိကြောင်းနှင့် တောင်သများ တွက်ခြေကိုက်လျက်ရှိကြောင်း သိရသည်။

   ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်း မိုးမြေပဲရိတ်သိမ်းမှုအနေဖြင့် ဘားအံမြို့နယ်တွင်  (၉၂၈)ဧက၊  လှိုင်းဘွဲ့မြို့နယ်တွင် (၁၇၆)ဧက၊ သံတောင်ကြီးမြို့နယ်တွင် (၂၈၇) ဧက၊ ကော့ကရိတ်မြို့နယ်တွင် (၂၈၁)ဧက၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် (၃၁၇)ဧက၊ ဖာပွန်မြို့နယ်တွင် (၂၉)ဧက၊ စုစုပေါင်း(၂၀၁၈)ဧက ရိတ်သိမ်းပြီးဖြစ်ကြောင်း ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။

DOCA(ကရင်)