ကန့်ဘလူမြို့၌ စားအုန်းဆီများကို ဈေးနှုန်းသက်သာစွာဆက်လက်ရောင်းချ

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် ကန့်ဘလူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တာဝန်ရှိသူများနှင့် ဆီကုန်သည်တို့ပူးပေါင်းကာ (၂၇-၁၀-၂၀၂၃) ရက်နေ့၊ နံနက် (၀၇:၀၀) နာရီအချိန်တွင် ကန့်ဘလူမြို့၊ စည်ပင်သာယာခန်းမ၌ စားအုန်းဆီများကို ကန့်ဘလူမြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများအား ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့ကြောင်းသိရသည်။

   အဆိုပါ စားအုန်းဆီများရောင်းချပေးရာတွင် ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများဝယ်ယူရရှိစေရန်  လူတစ်ဦးလျှင်(၅၀)ကျပ်သားကို ၂၆၀၀ကျပ်ဖြင့် ပြည်သူများလက်ဝယ်အရောက် ရောင်းချပေးပြီး လူဦးရေ (၁၅၁၀)ဦးအတွက် စားအုန်းဆီပိဿာ ၇၅၅ပိဿာရောင်းချပေးခဲ့ကြောင်း စားအုန်းဆီခွဲတမ်းရရှိသည့်အပေါ်မူတည်၍ ဆက်လက်ရောင်းချပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း ဆီကုန်သည်ဦးနွေဦးထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)