မွန်ပြည်နယ်၏ ဆန် စီးဝင်/ စီးထွက်မှုအခြေအနေ

Powered by Drupal

    မွန်ပြည်နယ်အတွင်းသို့  ဆန်အိတ် အဝင်နှင့်အထွက် ( စီးဝင်/ စီးထွက်)လျက်ရှိသည်။ အခြားတိုင်းဒေသကြီးများမှ  မွန်ပြည်နယ်သို့ ဆန်စီးဝင်မှုများမှာ ၂၀၂၃ခုနှစ် အောက်တိုဘာလ(ဒုတိယအပတ်)တွင် ပဲခူးမှ (၂၉၈၀)အိတ်၊ ရန်ကုန်မှ (၁၉၉၀)အိတ်၊ စစ်ကိုင်းမှ (၁၅၂၀)အိတ်၊ မန္တလေးမှ (၁၃၀၀)အိတ် စုစုပေါင်း ဆန်အိတ် (၇၇၉၀)အိတ် တန်အားဖြင့် ၃၈၉.၅ တန် စီးဝင်ခဲ့ကြောင်း၊ အောက်တိုဘာလ(တတိယအပတ်)တွင် ပဲခူးမှ (၂၆၅၀)အိတ်၊ ရန်ကုန်မှ (၁၉၈၀)အိတ်၊ စစ်ကိုင်းမှ(၁၄၃၀)အိတ်၊ မန္တလေးမှ (၁၃၅၀)အိတ် စုစုပေါင်း ဆန်အိတ် (၇၄၁၀)အိတ် တန်အားဖြင့် ၃၇၀.၅ တန် စီးဝင်ခဲ့ကြောင်း သိရသည်။

  ထို့ပြင် မွန်ပြည်နယ်မှ အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ဆန်စီးထွက်ရာတွင် ၂၀၂၃ခုနှစ် အောက်တိုဘာလ(ဒုတိယအပတ်)တွင် သထုံမှ ဘားအံသို့(၁၆၅၅)အိတ်၊ မုဒုံမှ ကြာအင်းဆိပ်ကြီးမြို့သို့ (၁၇၀၀)အိတ် စုစုပေါင်း ၃၃၅၅အိတ်၊ တန်အား ဖြင့် ၁၆၇.၇၅တန် စီးထွက်ခဲ့ကြောင်းနှင့်  အောက်တိုဘာလ(တတိယအပတ်)တွင် ဆန်စီးထွက်မှုမှာ သထုံမှ ဘားအံသို့ (၁၆၇၈)အိတ်၊ မုဒုံမှ ကြာအင်းဆိပ်ကြီးမြို့ (၁၈၄၅)အိတ် စုစုပေါင်း (၃၅၂၃)အိတ်၊ တန်အားဖြင့် ၁၇၆.၁၅တန် စီးထွက်ကြောင်း သိရသည်။

   အဆိုပါ ဆန်စီးဝင်/စီးထွက်မှုမှာ အောက်တိုဘာလ(ဒုတိယအပတ်)နှင့် (တတိယအပတ်) ၏ နှိုင်းယှဉ်ပါက စီးဝင်မှု ဆန်အိတ်(၃၈၀)အိတ်၊ တန်အားဖြင့် ၁၉ တန် လျော့နည်းစီးဝင်ခဲ့ကြောင်းနှင့်  စီးထွက်မှု ဆန်အိတ်(၁၆၈)အိတ်၊ တန်အားဖြင့် ၈.၄ တန်ပိုမို စီးထွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)