မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း/သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြို့ကြီးများ၏ ရည်ညွှန်းလက်ကားဈေးနှုန်းတို့ကို နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စက်သုံးဆီဆိုင် (၃)ဆိုင်ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး အောက်တိုဘာလ စတုတ္ထပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ (92) တစ်လီတာလျှင် (၂၀၉၀)ကျပ်၊ ဓာတ်ဆီ(95)တစ်လီတာလျှင် (၂၁၉၀)ကျပ်၊ ဒီဇယ်(ရိုးရိုး)တစ်လီတာလျှင် (၂၃၄၅)ကျပ်၊ ဒီဇယ် (ပရီမီယမ်)တစ်လီတာလျှင် (၂၄၅၅)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရပါသည်။
ယခုနိုဝင်ဘာလ ပထမပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92) တစ်လီတာလျှင် (၂၁၃၀)ကျပ်၊ ဓာတ်ဆီ(95)တစ်လီတာလျှင် (၂၂၃၅)ကျပ်၊ ဒီဇယ်(ရိုးရိုး)တစ်လီတာလျှင် (၂၃၉၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၅၁၀)ကျပ်ဖြင့်ရောင်းချသောကြောင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက တည်ငြိမ်လျက်ရှိကြောင်း ကျွန်းလှမြို့၊ စက်သုံးဆီဆိုင်များမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)